ရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း မန်းချောင်း အပန်းဖြေဆင်စခန်း၌ ဆင်လိမ္မာလေးများ ကပြဖျော်ဖြေသည့်အစီအစဉ်ဖြင့် ဝန်ဆောင်မှုပေးမည်

 

မင်းဘူး    ဇန်နဝါရီ   ၇
မကွေးတိုင်းဒေသကြီး      မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း   အပန်းဖြေဆင်စခန်း၌ ယခုနှစ်တွင် ထူးခြားမှု တစ်ရပ်အနေဖြင့် ဆင်လိမ္မာ လေးများ၏ ကပြဖျော်ဖြေ ဧည့်ခံသည့် အစီအစဉ်များ ဖြင့် ဆင်စခန်းတွင် လာရောက် အပန်းဖြေ ကြည့်ရှုကြ သည့် ဧည့်ပရိသတ်များအား ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း  ရွှေစက်တော်မန်းချောင်းအပန်းဖြေ ဆင်စခန်းတာဝန်ခံ    လက်ထောက်မန်နေဂျာ ဦးထက်နိုင်အောင်ထံမှ သိရသည်။ 
ဆင်လိမ္မာလေးများက       သစ်ဆွဲပြခြင်း၊ လမ်းလျှောက်ပြခြင်း၊ ထီးဆောင်းခြင်း၊ ဦးထုပ် ဆောင်းခြင်း၊ ကပြခြင်း စသော သရုပ်ပြ ကပြခြင်း အစီအစဉ်များနှင့်အတူ ဆင်စခန်းသို့   လာရောက် အပန်းဖြေကြသော            ခရီးသွားပြည်သူများ စိတ်အေးချမ်းစေရန် ပန်းအလှပင်များ စိုက်ပျိုးထား ခြင်း၊ ရေချိုးပြီး  ယာယီနားခိုနိုင်ရန် ယာယီတည်း ကျောင်း ၁၅ လုံးဆောက်လုပ်ထားခြင်း၊   ရှုခင်းများ ကြည့်ရှုနိုင်ရန်နှင့်          အလှဓာတ်ပုံများရိုက်ရန် ဝါးတံတား ဆောက်လုပ်ထားခြင်း စသည့်အဆင့်မြှင့် တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း သိရသည်။ 
ဆင်စခန်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ်ထားရှိပြီး မည်သူမဆို အပန်းဖြေကြည့်ရှု လေ့လာနိုင်ကာ ဝင်ကြေးအဖြစ် ပြည်တွင်းခရီးသွား တစ်ဦးလျှင်    ကျပ်တစ်ထောင်နှင့်    နိုင်ငံခြားသား ခရီးသွားဧည့်သည်   တစ်ဦးလျှင်   ကျပ်တစ်သောင်း ကောက်ခံလျက်ရှိပြီး ရပ်ဝေးမှလာရောက်သူများ ညအိပ်တည်းခိုလိုပါက တည်းခိုဆောင် ၁၁ လုံးရှိကာ တစ်ခန်းလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် တည်းခိုနိုင် ကြောင်းလည်း သိရသည်။
ရွှေစက်တော် မန်းချောင်း အပန်းဖြေ ဆင်စခန်းကို ပြည်တွင်းပြည်ပ  ခရီးသွားများအား  ဆွဲဆောင်နိုင် စေရန်နှင့်       ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပဒေါင်း-ပျော်ဘွယ် ကားလမ်းဘေး၌ ၂၀၁၉   ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာ့သစ်လုပ်ငန်း    မင်းဘူးသစ်ထုတ်ရေးဒေသ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုလုပ်ငန်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး  ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူ များအနေဖြင့်  မန်းရွှေစက်တော် ပါဒစေတီတော်များ အား ဖူးမြော်ရင်း  တောတောင်ရေမြေ သဘာဝအလှ ရှုခင်းများကို ဆင်စီး၍  အပန်းဖြေ ကြည့်ရှုနိုင်မည် ဖြစ်သည်။  
ဇေယျာထက်(မင်းဘူး)