
နေပြည်တော် မေ ၃
နိုင်ငံရေးအစွန်းအရောက် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသန္တရလက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ အသုံးပြု၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ပြည်သူများကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ မြို့/ရွာများအတွင်း သို့ အဆင်အခြင်မဲ့ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း များကို ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ မေ ၂ ရက် နံနက် ၈ နာရီ မိနစ် ၅၀ တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် စည်သာစံပြကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်လုပ်လက်နက်ကြီးဖြင့် ကျေးရွာ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူနေအိမ်တစ်လုံး ထိမှန် ပေါက်ကွဲခဲ့၍ အမျိုးသမီးတစ်ဦး၊ ကလေးငယ်တစ်ဦးတို့ သေဆုံးကာ အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့ သွားရောက်စစ်ဆေးခဲ့ ရာ မေ ၁ ရက် ည ၁၀ နာရီတွင် ရေစကြိုမြို့နယ် စည်သာစံပြ ကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား (စိစစ် ဆဲ)က လက်လုပ်လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ ဦးသိန်းရွှေ (စိစစ်ဆဲ) ၏ နေအိမ်ပေါ်သို့ လက်လုပ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက် ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေ သူများဖြစ်သည့် ဦးသိန်းရွှေ၏ အစ်မဖြစ်သူ ဒေါ်စန်းရွှေ(၄၆)နှစ် (ဘ)ဦးကျောက်စိန်နှင့် သားဖြစ်သူ မောင်ကောင်းခန့်သူ(၆)နှစ် (ဘ)ဦးသိန်းရွှေတို့တွင် ရင်ဘတ် ပွင့်ထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ပြီး သမီးဖြစ်သူ မသူဇာဦး ( ၁၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်အေးမာ (၃၀)နှစ် (ဘ) ဦးရာရွှေတို့တွင် လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသနိုင် ရေး ပခုက္ကူမြို့နယ် ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ စစ်ရေး ပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ ပြည်သူများနှင့် မြို့/ရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူ များ သေကျေဒဏ်ရာများရရှိ စေသူ အကြမ်းဖက်သမားများကို ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင် ရေး နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့် အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်