
နေပြည်တော် မတ် ၇
နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်သော လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအတွက် ပညာရှင်များ မွေးထုတ်ပေးလျက်ရှိသည့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်၏ နှစ် (၁၀၀) ပြည့် အခမ်းအနားကို အသွင်သဏ္ဌာန်နှင့် အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ရေးနှင့် ရာပြည့်အထိမ်းအမှတ် အဆောက် အဦ တည်ဆောက်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းပြီးစီးမှု အခြေအနေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိ သူများက ယမန်နေ့နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးတက္ကသိုလ် ကျောင်း သား ကျောင်းသူများ၏ ဒုတိယ စာသင်နှစ်ဝက် စာမေးပွဲဖြေဆို နေမှုကို ကြည့်ရှုအားပေးကြ သည်။
ထို့နောက် ဒုတိယဝန်ကြီး သည် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားဖြစ် မြောက်ရေး အကြိုညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေး တွင် ပါမောက္ခချုပ်နှင့် အခမ်းအနား ဖြစ်မြောက်ရေးကော်မတီအလိုက် တာဝန်ရှိသူများက ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ရာပြည့်အခမ်း အနား ကျင်းပမည့်အစီအစဉ်များ၊ တက္ကသိုလ် သမိုင်းမှတ်တမ်းပြုစု ရေး၊ ပြခန်းများ ခင်းကျင်းပြသရေး၊ စပ်စာကို အသုံးပြု၍ အသားစား ကြက်များ၏ ကြီးထွားနှုန်းကို လေ့လာခြင်း(Growth Performance of Broiler on Mixed Ration) စာတမ်းအပါအဝင် အသုံးချသုတေ သန (Applied Research) စာတမ်းဖတ်ကြားရေး၊ ဖျော်ဖြေ တင်ဆက်ရေး၊ သတင်းပြန်ကြား ရေးနှင့် မှတ်တမ်းတင်ခြင်း လုပ်ငန်းများ၊ အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပရေး၊ စိုက်ပျိုး သီးနှံပုံစံ စိုက်ကွင်းစိုက်ကွက်များ၊ စာပေလှုပ်ရှားမှုများ၊ စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပရန် စီစဉ် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်