ရေဆင်းဆည်ရေသောက်စနစ်မှ ရေအသုံးချသူများအဖွဲ့အား နေပြည်တော်ကောင်စီဝင် တွေ့ဆုံ

နေပြည်တော် ဩဂုတ် ၁၂ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နှင့် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းဆည် ရေသောက်စနစ်မှ ရေအသုံးချသူများအဖွဲ့ တွေ့ဆုံပွဲကို ရေဆင်းကျေးရွာ ရေဆင်းဆည် ရေလှောင်တမံ ရှင်းလင်းဆောင်၌ ဩဂုတ် ၁၁ ရက်က ကျင်းပသည်။ တွေ့ဆုံပွဲတွင် ဇေယျာသီရိမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှူး ဦးချစ်ကြည်မောင်က ရေဆင်းဆည်မှ မိုးစပါးစိုက်ပျိုးရေပေးဝေမှု အခြေအနေနှင့် ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က စိုက်ပျိုးရေးလုပ်ငန်း တွင် အဓိကလိုအပ်ချက်သည် ရေဖြစ်၍ စိုက်ပျိုးရေကို လိုအပ်သလောက်သာ ချွေတာ သုံးစွဲရန်လိုအပ်ကြောင်း၊ ရေအသုံးချသူများ အဖွဲ့အနေဖြင့် သက်ဆိုင်သည့် ဌာနများနှင့် ပူးပေါင်းကာ စိုက်ပျိုးရေ ရယူသုံးစွဲမှုလုပ်ငန်းများ တွင် တက်ညီလက်ညီ စည်းစည်းလုံးလုံး ဆောင်ရွက်ခြင်းဖြင့် ရေပေးရေယူကိစ္စသာမက စိုက်ပျိုးရေးကဏ္ဍအသီးသီးတွင်လည်း အချင်း ချင်း ရိုင်းပင်းကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာပြီး စိုက်ပျိုးရေ ပြည့်စုံလုံလောက် စွာရရှိကာ သီးနှံအထွက်နှုန်းတိုး၍ သီးထပ်စွမ်း အားများ စိုက်ပျိုးလာနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။ ဆည်ရေပေးဝေမှုစနစ်တွင် ရေ အသုံးချသူများအဖွဲ့(WUG) ဖွဲ့စည်းဆောင်ရွက် ခြင်းဖြင့် တောင်သူများကိုယ်တိုင် ပါဝင် ဆောင်ရွက်လာနိုင်သည့်အတွက် မိမိတို့ စိုက်ကွင်းဧရိယာများအတွင်း ရေပေး၊ ရေယူစနစ် များကို အကောင်းဆုံး အခြေအနေဖြစ်အောင် ကိုယ်တိုင်ပါဝင်စီမံနိုင်ပြီး မိမိတို့စိုက်ပျိုးထားသည့် သီးနှံပုံစံနှင့် ကိုက်ညီမှုရှိသည့် ရေပမာဏကို လိုအပ်ချိန်အတိအကျ ပူးပေါင်းရယူနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိခံစားလာနိုင်မည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဇေယျာသီရိမြို့နယ် ရေဆင်းရေလှောင်တမံမှ မိုးစပါး ၈၉၄၁ ဧက၊ မကျီးပင်ရေလွှဲဆည်မှ ဧက ၃၄၀ သို့ စိုက်ပျိုးရေပေးဝေရန် လျာထားပြီး လက်ရှိတွင် ရေဆင်းဆည်ရေသောက်စနစ်မှ ၇၄၁၉ ဧကနှင့် မကျီးပင်ရေလွှဲဆည်မှ ၁၄၃ ဧက စိုက်ပျိုးပြီးစီးကာ ဆီထွက်သီးနှံဆောင်းနေကြာ ၃၁၉ ဧက စိုက်ပျိုး ရေပေးဝေရန် လျာထားကြောင်းသိရသည်။ မြို့နယ်(ပြန်/ဆက်)