ရွှေဘိုမြို့တွင် ဒေသခံလူငယ်သုံးဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဇွန်    ၁၅    
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်  အမှတ် (၁၀) ရပ်ကွက်၌ ဇွန် ၁၄ ရက်တွင် တပ်မတော် က လူဦးရေစာရင်းကောက်ယူပြီး လူငယ်အမျိုးသားသုံးဦးကို   ဖမ်းဆီးသွားကြောင်း မှန်ကန်မှု မရှိသော  သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန် ရှိသူ တစ်ဦးထံဆက်သွယ်မေးမြန်းရာ ဇွန် ၁၄ ရက် တွင်  တပ်မတော်အနေဖြင့် ရွှေဘိုမြို့နယ် အတွင်း ပုံမှန်လုံခြုံရေးတာဝန်များထမ်းဆောင် လျက်ရှိပြီး လူဦးရေစာရင်းကောက်ယူခြင်းနှင့် လူငယ်များကို ဖမ်းဆီးခြင်းများလုပ်ဆောင်နေသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာ ဖြစ်ကြောင်း သိရသည်။ ရွှေဘိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေး တာဝန်များကို   တည်ဆဲဥပဒေများနှင့်အညီ ထမ်းဆောင်လျက်ရှိပြီး  ပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင် မှုမရှိကြောင်းနှင့် ရပ်ရွာအေးချမ်း သာယာရေး နှင့်   တရားဥပဒေစိုးမိုးရေးကို   အလေးထား လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။               
သတင်းစဉ်