
ရွှေဘို စက်တင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ရွှေဘိုပေါ်ဆန်း မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိရေးအတွက် ရွက်ဖျန်း မြေဩဇာသုံးစွဲမှု သရုပ်ပြပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့ အမှတ်(၁၀) ရပ်ကွက် စက်မှုဇုန် ရပ်ရှိ Oxygen Plant Foundation (shwebo) စက်ရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရွှေဘိုမြို့မဈေး ကြီးသို့ သွားရောက်၍ မီးလောင် ပျက်စီးဆုံးရှုံခဲ့သည့် ဈေးဆိုင်ခန်း များကို ကြည့်ရှုစစ်ဆေးပြီး ရွှေဘို မြို့နယ် စည်ပင်သာယာရေး ကော် မတီ အမှုဆောင်အရာရှိ ဦးသန်းဦး က အသစ်ဆောက်လုပ်မည့် ဈေး အဆောက်အအုံပုံစံနှင့် ဆောက် လုပ်နေမှုများကို ရှင်းလင်းတင်ပြ သည်။ ထို့နောက် ရွှေဘိုပြည်သူ့ ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း များအတွက် ထောက်ပံ့ပစ္စည်း စုစုပေါင်း တန်ဖိုးငွေကျပ် ငါးသိန်း ထောက်ပံ့သည်။
ယင်းနောက် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာရှိ တိုင်းဒေသကြီး အစီအစဉ်ဖြင့် ဆောင်ရွက်သည့် အောင်ချမ်းသာကွင်း ကွင်းအမှတ် (၃၃၁၄) ရှိ တောင်သူ ဦးဝင်းဘို စိုက်ပျိုးထားရှိသည့် ရွှေဘိုပေါ်ဆန်း မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိရေး ရွက်ဖျန်းမြေဩဇာ သုံးစွဲမှု သရုပ်ပြပွဲသို့ တက်ရောက် ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက သရုပ်ပြ ပွဲ ဆောင်ရွက်ရခြင်းနှင့် ပတ်သက် ၍ ဓာတ်မြေဩဇာ ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်စေရန် လည်း ကောင်း၊ ကုန်ကျစရိတ်နည်းနည်း ဖြင့် သီးနှံအထွက်တိုးစေရန် လည်းကောင်း၊ စပါးမှ နိုက်ထရိုဂျင် ဓာတ် တိုက်ရိုက်စားသုံးနိုင်စေရေး အတွက် လည်းကောင်း၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်း က ရွက်ဖျန်းမြေဩဇာ အသုံးပြုပုံ များနှင့် အဆိုပါ ရွက်ဖျန်းမြေဩဇာ သုံးစွဲခြင်းကြောင့် မြေဆီလွှာသို့ တိုက်ရိုက် ကြဲပက်ထည့်သွင်းမှု မပြုလုပ်ရသည့်အတွက် လေလွင့် ဆုံးရှုံးမှု လျော့နည်းခြင်း၊ စပါးပင် အရွက်များမှ နိုက်ထရိုဂျင်ဓာတ် တိုက်ရိုက် အသုံးပြုနိုင်ခြင်း၊ ကုန်ကျစရိတ် နည်းနည်းဖြင့် တစ်ဧက အကျိုးအမြတ် ပိုမိုရရှိ နိုင်ကြောင်းကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးကျေးရွာရှိ မျိုးစပါး သန့်စင်စက်ရုံသို့ သွားရောက်ကြည့် ရှုရာ ဝက်လက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးလှမိုးကျော် က မျိုးစပါးများ သန့်စင်ပုံအဆင့်ဆင့် နှင့် မျိုးစပါးများ သန့်စင်ထားရှိမှု များကို ရှင်းလင်းတင်ပြသည်။
ခရိုင်(ပြန်/ဆက်)