
နေပြည်တော် ဇန်နဝါရီ ၄
မြို့နယ်အချို့ရှိ ခရိုင်ပညာရေးမှူး ရုံးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၃ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသ ကြီး ရွှေဘိုမြို့နယ်ရှိ ခရိုင်ပညာ ရေးမှူးရုံးနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းသို့ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီး လက်လုပ်ဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ကာ လက်လုပ်သေနတ် ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းဝင်း အတွင်း လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်း ဖက်သူ အမျိုးသား နှစ်ဦးမှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေး သွားခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း ခရိုင်ပညာရေးမှူးရုံး၏ နောက် ကျောဘက်ရှိ မှန်ကိုးချပ် ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ချင်းပြည်နယ် ထန်တလန် မြို့နယ်အတွင်း၌ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရပ်ရွာအေးချမ်းသာယာ ရေးအတွက် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၂)ရပ်ကွက်အရောက်တွင် CDF အကြမ်းဖက်အဖွဲ့ အင်အား ၂၅ ဦး ခန့်က လက်နက်ကြီး/ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၁၅ မိနစ် အကြာတွင် အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွား ခဲ့ပြီး ထိတွေ့မှုဖြစ်စဉ်အတွင်း အကြမ်းဖက်အဖွဲ့ဝင် တစ်ဦး သေဆုံး၍ ၎င်းအနီးမှ BA-63 သေနတ် တစ်လက်၊ ၎င်းကျည် ခြောက်တောင့်တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာ ထွက်ပြေးစဉ် အမှတ်(၁)ရပ်ကွက် ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် လူနေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရ သည်။
ထိုကဲ့သို့ ခရိုင်ပညာရေးမှူးရုံး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ သည့် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ က နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်