
နေပြည်တော် ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်တွင် ချီပါကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ချီပါတောင် ရွာနှင့် ချီပါမြောက်ရွာတို့မှ ပြည်သူ ၆၀ ကျော်ကို ဖမ်းဆီးထားကြောင်း ကောလာဟလ သတင်းအမှား များကို တရားမဝင်ပြည်ဖျက် မီဒီယာ Khit Thit က အထင် အမြင်လွဲမှားဖွယ် လုပ်ကြံဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက် ၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် များက ချီပါကျေးရွာအနီးတွင် နယ်မြေလုံခြုံရေး ဆောင်ရွက် လျက်ရှိပြီး ဒေသခံများအား ဖမ်းဆီးခြင်း မရှိကြောင်း သိရှိ ရသည်။
အလားတူ မကွေးတိုင်းဒေသ ကြီး ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံ ရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး ပူးပေါင်းအဖွဲ့များကို PDF အမည်ခံအကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၁၄ ရက်က သင်တော ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး လုံခြုံရေးပူးပေါင်းအဖွဲ့များ၏ ပြန်လည် တိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြေပြင် သတင်းပေးပို့ချက်များအရ သိရှိ ရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များအနေဖြင့် နိုင်ငံအတွင်း အလုံးစုံပျက်သုဉ်းရေးကို ဦးတည် လုပ်ဆောင်နေပြီး PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်း ဖက်လုပ်ရပ်များကို ပြည်သူများ အား သတင်း အမှောင်ချပြီး တစ်ဖက်သတ် စွပ်စွဲရေးသားချက် များကိုသာ အမြဲထုတ်လွှင့်နေ လျက်ရှိသည်။ ယခုဖြစ်စဉ်သည် လည်း PDF အမည်ခံအကြမ်းဖက် အဖွဲ့များကို ပြည်သူများက ကြောက်ရွံ့ ထိတ်လန့်လာပြီး လက်ခံနိုင်ခြင်း မရှိသည်ကို တန်ပြန်ဝါဒဖြန့် ဆောင်ရွက်ခြင်း နှင့် မြေပြင်တွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများမှ တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု များပြားနေခြင်းကြောင့် တိုက်ခိုက် လိုစိတ်များမရှိတော့သည့်အတွက် ထိုသို့ ဝါဒဖြန့်မှုများ လုပ်ဆောင် ခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်