ရွှေဘိုခရိုင်အတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများ

 

စစ်ကိုင်းတိုင်း‌ဒေသကြီး       ရွှေဘိုခရိုင်အတွင်းရှိ      မြို့နယ်များ၌   စက်တင်ဘာလ  တတိယပတ်တွင်   စပါး/ဆန်   ဈေးနှုန်းများ    တည်ငြိမ်နေကြောင်း၊ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ စက်တင်ဘာလ ဒုတိယပတ်တွင်  ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊ မန္တလေးသို့  အိတ်ရေ ၁၈၁၀၀၊    နေပြည်တော်သို့    အိတ်ရေ    ၆၅၀၀၊ ရှမ်း (တောင်) သို့  အိတ်ရေ  ၅၀၀၀၊  ရှမ်း (မြောက်) သို့  အိတ်ရေ  ၅၀၀၀၊  ပခုက္ကူသို့   အိတ်ရေ  ၁၀၀၀၊     စုစုပေါင်းအိတ်ရေ  ၅၀၆၀၀၊  တန် ၂၅၃၀  စီးထွက် ခဲ့ပြီး  စက်တင်ဘာလ တတိယပတ်တွင်  ရန်ကုန်သို့  အိတ်ရေ  ၂၀၅၀၀၊  မန္တလေးသို့  အိတ်ရေ  ၂၄၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း (တောင်) သို့  အိတ်ရေ ၅၀၀၀၊ ရှမ်း (မြောက်) သို့  အိတ်ရေ  ၅၀၀၀၊  ပခုက္ကူသို့   အိတ်ရေ   ၂၀၀၀၊     စုစုပေါင်းအိတ်ရေ ၆၂၆၀၀၊ တန်  ၃၁၃၀ စီးထွက်ခဲ့သည့်အတွက် ယခင် အပတ်နှင့်      နှိုင်းယှဉ်လျှင်       ယခုအပတ်အတွင်း      အိတ်ရေ   ၁၂၀၀၀၊ တန်  ၆၀၀  ပို၍ စီးထွက်ခဲ့ကြောင်း သိရသည်။


စက်တင်ဘာလ တတိယပတ်တွင် ရွှေဘိုမြို့၌  ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘို ပေါ်ဆန်းစပါး တင်း ၁၀၀ လျှင် ကျပ်  ၃၇၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀၊   ဧရာမင်းဆန်   ၂၄   ပြည်ပါ   တစ်အိတ် လျှင်   ကျပ်  ၁၃၀၀၀၀  နှင့်   ၂၀၂၂ - ၂၀၂၃   ခုနှစ် ရွှေဝါထွန်း   (နွေစပါး)   တင်း   ၁၀၀   လျှင်    ကျပ် ၁၉၀၀၀၀၀၊ ရွှေဝါထွန်း ဆန် ၂၄  ပြည်ပါ တစ်အိတ် လျှင်  ကျပ် ၈၀၀၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။

DOCA (စစ်ကိုင်း)