
ထရီပိုလီ စက်တင်ဘာ ၁၆
ရေကြီးရေလျှံမှုဒဏ်သင့် လစ်ဗျား နိုင်ငံသို့ ထောက်ပံ့ကူညီမှုများ ချက်ချင်း ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး ကုလသမဂ္ဂက နိုင်ငံ တကာအသိုင်းအဝိုင်းကို တိုက်တွန်း လိုက်ကြောင်း နိုင်ငံတကာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မာတင်ဂရစ်ဖစ်စ်က သောကြာနေ့တွင် ဂျီနီဗာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ထိုကဲ့သို့ ပြောကြားလိုက် ခြင်းဖြစ်သည်။ ၎င်းက လစ်ဗျား နိုင်ငံတွင် ဖြစ်ပွားခဲ့သော သဘာဝ ဘေးအန္တရာယ်မှာ တုန်လှုပ် ချောက်ချားဖွယ်ရာ ကောင်းပြီး နောက်ဆက်တွဲ အကျိုးဆက် များမှာ မှန်းဆ၍မရကြောင်း ပြောသည်။
ဘေးဒဏ်သင့် ဒေသများမှ ပြည်သူများမှာ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်သည့် အပြင် ရွှံ့နွံနှင့် အဆောက်အအုံ အပျက်အစီးများ အောက်၌ ပိတ်မိနေသော အသက်ရှင် ကျန်ရစ်သူများကို ကယ်တင်နိုင် ရန်အတွက် ပစ္စည်းကိရိယာများ လိုအပ်လျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
ထို့အပြင် ကာလဝမ်းရောဂါ ဖြစ်ပွားမည်ကို စိုးရိမ်သည့် အတွက် ဆေးဘက်ဆိုင်ရာစနစ် တစ်ခု ထူထောင်ထားသင့်ကြောင်း လည်း ၎င်းက ဆက်ပြောသည်။ တနင်္လာနေ့က မိုးသည်းထန်စွာ ရွာသွန်းရာမှ ဖြစ်ပေါ်လာသည့် ရေကြီး ရေလျှံမှုများကြောင့် နိုင်ငံအရှေ့ဘက်ပိုင်းရှိ ဒေသ အများအပြား ထိခိုက်ပျက်စီးမှု များ ဖြစ်ပွားခဲ့ကြောင်း၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး များ ပြတ်တောက်ခဲ့ကြောင်း သိရ သည်။
အမှန်တကယ် ပျက်စီးဆုံးရှုံး မှုပမာဏကို မသိရှိရသေးပေ။ ကယ်ဆယ်ရေးနှင့် ကူညီရေး ကြိုးပမ်း အားထုတ်မှုများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် ဒါနာမြို့မှာ ဆိုးဆိုး ရွားရွား ထိခိုက်ပျက်စီးမှု ဖြစ်ပွား ခဲ့ပြီး ဒါနာမြို့တော်ဝန်က လက်ရှိ အချိန် အထိ အတည်ပြုသေဆုံးသူ ၈၀၀၀ ခန့်ရှိကြောင်းနှင့် နောက် ဆုံးမှာ သေဆုံးသူအရေအတွက် သည် ၂၀၀၀၀ ကျော်အထိ ရှိနိုင် ကြောင်း အင်န်အိတ်ချ်ကေသို့ ပြောသည်။
အင်န်အိတ်ချ်ကေ