ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီး ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည်

 

ရန်ကုန်   ဇွန်   ၁၅


မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ရွှေသံလွင် မီဒီယာက စီစဉ်သည့် SKYNET ရွှေအောင်လံ မြန်မာ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲကြီးကို ဇွန် ၂၅ ရက်၊ ၂၆ ရက်၊ ဇူလိုင်  ၃ ရက်နှင့် ၁၀ ရက်တို့တွင်  ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့အားကစားရုံတွင်   ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ယနေ့ မွန်းလွဲ ၂နာရီက ရန်ကုန်မြို့ တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင် ဝင်း၌ ပြုလုပ်သည့် SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲနှင့်    ပတ်သက်သည့်   သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

 


အဆိုပါ  SKYNET  ရွှေအောင်လံ  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကြီးတွင်  ၆၀ ကီလိုတန်းမှ လက်ဝှေ့အားကစားသမားများဖြစ်ကြသည့်        သန့်ဇင်၊ မင်းကျော်ဇ၊ စောမူထော်ဂေး၊ စောအယ်ဖူး၊ စောဘ ဟိန်း၊ ဟိန်းထွန်းအောင်၊ လင်းထက်အောင်၊ ချစ်ဝိုင်း ဝိုင်း၊ ၆၃ ဒသမ ၅ကီလိုတန်းတွင် အဲမွီ၊ ကျားသွေး၊ စောဒါဝိတ်၊ နက္ခမင်း၊ ဇွဲရာမာန်၊ သက်ဝင်းအောင်၊ ကိုကိုအောင်၊ ဆလိုင်းချမ်းမြေ့ကို၊ ၆၇ကီလိုတန်းတွင် ကမ္ဘာကျော်၊  ဟံသာဝတီ၊   ကမ္ဘာရှား၊  မင်းထူးထူး၊ စောမင်းမင်း၊ မာန်မင်းအောင်၊ ကိုနိုင်း၊ စောရေထူး၊ ၇၀-၇၁ကီလိုတန်းတွင် ဖိုးလပြည့်၊ မင်းထက်အောင်၊ စောမင်းအောင်၊ ကြယ်ကြီးတို့ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး   စိန်ခေါ်ပွဲများတွင်  ထက်နိုင်အောင်နှင့်  ယူကလိန်းအောင်၊ မိုးမှောင်နှင့် အောင်မင်းထွန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ဗိုလ်လုပွဲစဉ်များ      ယှဉ်ပြိုင်ကစားမည့်နေ့တွင် သုံးမိနစ် လေးချီ စိန်ခေါ်ပွဲစဉ် နှစ်ပွဲ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲပုံစံမှာ ရွှေအောင်လံပွဲစဉ်ဖြစ်သည့်အလျောက်  အလဲထိုးနှင့် အမှတ်ပေးနည်းစနစ်ကို ကျင့်သုံးမည် ဖြစ်ပြီး အမှတ်ပေးမှုမှာ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ ချုပ်မှ တာဝန်ရှိဒိုင်လူကြီးများက ဆုံးဖြတ်အမှတ်ပေး မည်ဖြစ်ကြောင်း သိရသည်။

 


ဝိတ်တန်းအလိုက် ပါဝင်ယှဉ်ပြိုင်ကြမည့် ကစား သမားများမှာလည်း မြန်မာပြည်အနှံ့မှ ရိုးရာလက်ဝှေ့ ကစားသမားများဖြစ်ပြီး    သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးအလိုက်   အောင်မြင်မှုများရရှိထား သည့်    မျိုးဆက်သစ်   ရွှေအောင်လံဆုရှင်များ၊ ပြည်နယ်၊ တိုင်းဒေသကြီးကိုယ်စားပြု ချန်ပီယံဆုရှင် များ   ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကာ  ယှဉ်ပြိုင်မည့် ဝိတ်တန်းများကို    ကွာတားဖိုင်နယ်မှ   စတင်ကာ နိုင်တက်၊ ရှုံးထွက်စနစ်ကို ကျင့်သုံးပြီး အလဲထိုးဖြင့် ပွဲစဉ်မပြတ်ပါက  အမှတ်ပေးစနစ်ဖြင့်  အဆင့်ဆင့် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

 


SKYNET ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကြီး၏ ပွဲစဉ်အားလုံးကို "SKYNET SPORTS-4", "SKYNET SPORTS-HD"ရုပ်သံလိုင်းတို့တွင် တိုက်ရိုက် (LIVE)    ထုတ်လွှင့်ပြသသွားမည်ဖြစ်သည့်အပြင် သိမ်ဖြူလက်ဝှေ့အားကစားရုံသို့ လာရောက်ကြည့်ရှု သူများအနေဖြင့်  ရုံဝင်ကြေးလက်မှတ်ခ  ငွေကျပ် ၅၀၀၀ ၊ ငွေကျပ် ၁၀၀၀၀ နှင့် ငွေကျပ် ၁၅၀၀၀  သတ်မှတ်ထားကြောင်း သိရသည်။


သတင်း - နေစိုး
ဓာတ်ပုံ - ကိုရဲ