ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ကာလဝမ်းရောဂါကာကွယ်ဆေး ပထမအသုတ် လက်ဘနွန် လက်ခံရရှိ

 

ဘေရွတ်   နိုဝင်ဘာ  ၁  -  ကာလဝမ်းရောဂါကူးစက်မှုနှင့် သေဆုံး မှုများနေသည့် လက်ဘနွန်နိုင်ငံသည် အသက်အန္တရာယ်ရှိသော ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ကာလဝမ်းရောဂါ ကာကွယ်ဆေး ပထမ အသုတ်ကို လက်ခံရရှိကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး  ဖီရပ်စ် အဘိတ်က အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။ 

 


ပြင်သစ်အစိုးရက   ပံ့ပိုးပေးသော   ဆာနိုဖီဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့်  ကာကွယ်ဆေး  အလုံး  ၁၃၄၄၀   က  ကာလ ဝမ်းရောဂါ   ကူးစက်ပြန့်ပွား မှုကို       ထိန်းချုပ်ရာတွင် အထောက်အပံ့ကောင်း များ ပေးနိုင်မည်ဟု       ဖီရပ်စ် အဘိတ်၏ ပြောကြားချက် ကို    အမျိုးသား သတင်း အေဂျင်စီ က ကိုးကားဖော်ပြ သည်။ 

 


အဆိုပါကာကွယ် ဆေးများကို   လက်ဘနွန် နိုင်ငံတစ်ဝန်း ရှေ့တန်းမှ တာဝန် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးသွား မည်ဖြစ်ကြောင်း လက်ဘနွန်နိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး အန်နီဂရီလိုက ပြောသည်။ ထို့အပြင် နိုဝင်ဘာလတွင် ကာကွယ် ဆေးများ ထပ်မံရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့်အတူ လက်ဘနွန် နိုင်ငံ၏  ကြိုးပမ်းအားထုတ်မှုများကို  ပြင်သစ်နိုင်ငံအနေဖြင့် ဆက် လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ 

 


လက်ဘနွန်နိုင်ငံ၌  လက်ရှိအချိန်အထိ  ကာလဝမ်းရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၈၈ ဦးနှင့် အဆိုပါ ရောဂါကြောင့် သေဆုံး သူ ၁၇ ဦးရှိကြောင်း သိရသည်။                                                  

 

ဆင်ဟွာ