ရောဂါဖြစ်ပွားမှုနှုန်းများ ထက်ဝက်နီးပါးအထိ ကျဆင်းလာသည်ဆိုသော်လည်း အချို့မြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်းများ များပြားမှုရှိနေသေးသည်ကို တွေ့ရှိရ ကူးစက်မှုနှုန်းမြင့်မားနေသေးသည့် မြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်းများ လျော့ကျစေရေး ဂရုပြုဆောင်ရွက်

နေပြည်တော်     ဩဂုတ်      ၁၆


ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ  အစည်းအဝေးခန်းမ၌  ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


တက်ရောက်


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်  ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့်    ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊      ဒုတိယ ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊     ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊      တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးဝဏ္ဏမောင်လွင်၊   စီမံကိန်းနှင့်  ဘဏ္ဍာရေး ဝန်ကြီးဌာန                                

 


ပြည်ထောင်စုဝန်ကြီး   ဦးဝင်းရှိန်၊   ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများ  တက်ရောက်ကြပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူ များက  Video Conferencing ဖြင့် တက်ရောက်ကြ သည်။


လျှော့ချနိုင်ခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်             ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ တွင် မိမိတို့နိုင်ငံအတွင်း ကိုဗစ် -၁၉ ရောဂါ တတိယ လှိုင်း ကူးစက်ဖြစ်ပွားနေမှုများကို ဩဂုတ်လအတွင်း၌ ကူးစက်ဖြစ်ပွားနေမှုရာခိုင်နှုန်း၏ ထက်ဝက်ခန့်အထိ  ကျဆင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်ကို ယခင်အစည်းအဝေးများတွင်    ပြောကြားခဲ့ပြီးဖြစ် ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုအနေဖြင့် ဇူလိုင် ၁၄ ရက်တွင် ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း၊ ဇူလိုင် ၂၃ ရက်တွင်  ၄၀ ဒသမ ၈၂ ရာခိုင်နှုန်းအထိရှိခဲ့ရာမှ ဩဂုတ်  ၁၅ ရက်တွင်  ကူးစက်ဖြစ်ပွားသူ ၂၆ ဒသမ ၄၆ ရာခိုင်နှုန်းသာရှိသည်ကို  တွေ့ရှိရမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊    လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်မှု၊  ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ကြောင့် ဖြစ်ပွားမှုရာခိုင်နှုန်း၏    ၁၄    ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကူးစက်ဖြစ်ပွားမှုနှုန်း  ပိုမိုကျဆင်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။


ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆေးပစ္စည်း များ၊        အခြေခံအိမ်သုံးဆေးဝါးပစ္စည်းများနှင့် ပတ်သက်၍    ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ဝယ်ယူသုံးစွဲသူ ပြည်သူလူထုအခက်အခဲမဖြစ်ပေါ်စေ ရေးကြပ်မတ်ဆောင်ရွက်ရန်         မှာကြားခဲ့ပြီးဖြစ် ကြောင်း၊   သဘာဝမဟုတ်သည့်    ကုန်ဈေးနှုန်း ကြီးမြင့်မှုများ   လျှော့ချနိုင်ရေး၊   ပုံမှန်ထက်ပိုမို သိုလှောင်၍ ဈေးနှုန်းကြီးမြင့်လာအောင် လုပ်ဆောင် နေမှုများအား    ကြပ်မတ်စစ်ဆေးဖော်ထုတ်လျက် ရှိပြီး ရည်ရွယ်ချက်ရှိရှိ   လုပ်ဆောင်နေသူများအား   အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ထိုသို့ ကြပ်မတ်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူလူထုများ အနေဖြင့်  အခြေခံအိမ်သုံးဆေးဝါးများကို  ပုံမှန် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် အခြေခံစားသောက်ကုန်များ ထုတ်လုပ်သည့် နိုင်ငံဖြစ်သဖြင့်         အခြေခံစားသောက် ကုန်များ  ကုန်ဈေးနှုန်းကြီးမြင့်နေမှုများကိုလည်း သက်ဆိုင်ရာ  ပြည်နယ်နှင့်  တိုင်းဒေသကြီးအလိုက် စိစစ်ကြပ်မတ်သွားရန်      လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု ကန့်သတ်ချက်များကြောင့် သယ်ယူ ပို့ဆောင်မှုစရိတ်နှင့် လုပ်အားခကုန်ကျစရိတ်များ ကြောင့် အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းမြင့်မားမှု၊ သဘာဝကျသည့် ဈေးနှုန်းမြင့်တက်မှုများရှိသည်ကို  မပြောလိုသော်လည်း မတန်တဆ ဈေးတင်ရောင်းချမှု များကို  မဖြစ်စေလိုကြောင်း၊ စားသောက်ကုန်ပစ္စည်း များအား ပစ္စည်းပြတ်လပ်၍ ဈေးနှုန်းမြင့်မားလာ စေရန်အတွက်  ရည်ရွယ်ချက်ရှိစွာဖြင့်  ပွဲရုံများ၊  ဂိုဒေါင်များတွင် သိုလှောင်ခြင်း၊  ဈေးကစားခြင်းများ  ရှိနိုင်သဖြင့် အခြေခံစားကုန်၊ သုံးကုန်များ ဈေးနှုန်း မြင့်မားမှုမရှိစေရေး တာဝန်ရှိသူများက ထိန်းသိမ်း ကြပ်မတ်လုပ်ဆောင်ပေးကြရန်လိုကြောင်း။
အမြန်ဆုံးဖြန့်ဝေပေးလျက်ရှိ


အစိုးရအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးများကို ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ရောက်ရှိလာသည့် ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်  အသီးသီးသို့   အမြန်ဆုံးဖြန့်ဝေပေး လျက်ရှိကြောင်း၊ ထို့ကြောင့် ဆေးများရောက်ရှိလာ  သည်နှင့် ပျက်စီးမှုမဖြစ်စေရန် စနစ်တကျ ထိန်းသိမ်း ထားသိုရန်နှင့် တတ်နိုင်သရွေ့ အမြန်ဆုံးထိုးနှံပေး ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ EAOs အဖွဲ့များ အနေဖြင့် ၎င်းတို့နယ်မြေများအတွင်း ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ဆက်သွယ်လာခြင်းများရှိသဖြင့်   တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဒေသများမှ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာ EAOs နယ်မြေများတွင် ကာကွယ်ဆေး ထိုးနှံနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် ဦးစားပေးအုပ်စုအလိုက် စာရင်းပြုစု ဆောင်ရွက်ကြရန်လိုကြောင်း။
လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည် ဖြစ်သော်လည်း ရောဂါကူးစက်ဖြစ်ပွားမှုကို အတိုင်း အတာတစ်ခုထိ      ထိန်းချုပ်နိုင်သည့်အချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ပါက   ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေး၊ စာသင်ကျောင်းအဆောက်အအုံများ ကြံ့ခိုင်မှု ပြည့်ဝနေစေရေးအတွက် လိုအပ်သည့် ထိန်းသိမ်းခြင်း  လုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်များ အလိုက် တာဝန်ရှိသူများက ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ဆရာ ဆရာမများ သည်  ကျောင်းသား ကျောင်းသူများအား စာပေ သင်ကြားပေးကြရမည်ဖြစ်ပြီး အနီးကပ် ထိတွေ့ရ မည့်သူများဖြစ်သဖြင့် ကာကွယ်ဆေးထိုးနှံရာတွင်  ဦးစားပေးဖြင့် ထိုးနှံနိုင်ရေး လစ်ဟင်းမှုမရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ပတ်သက်ပါက  လူပုဂ္ဂိုလ်တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္ပဏီများသော်လည်းကောင်း မည်သည့် ကန့်သတ်ချက်မျှ  မထားရှိဘဲ  တင်သွင်းခွင့်ပြုပေးထားပြီးဖြစ်သော်လည်း FDA မှ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်  ဆေးဝါးနှင့် ပစ္စည်းများဖြစ်စေရေး တာဝန်ရှိသည့် ဌာနဆိုင်ရာများက ကြပ်မတ်ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ် ကုသ   ထိန်းချုပ်ရေးနှင့်ပတ်သက်၍   လုပ်ဆောင် နိုင်သည်မှန်သမျှကို      ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း ပြောကြားသည်။


အတိုင်းအတာတစ်ခုအထိ ကျဆင်းလာ


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ကောင်စီအဖွဲ့ဝင် များ၊   ပြည်ထောင်စုဝန်ကြီးများ၊   တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက လက်ရှိအချိန်တွင် ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှုန်း အတိုင်းအတာတစ်ခုအထိ  ကျဆင်းလာပြီဖြစ်ပြီး ကုသရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် သန့်ရှင်းရေး ဝန်ထမ်းများ၏   ကိုယ်ခံအားပြန်လည်ကောင်းမွန် စေရေး        ဆောင်ရွက်ပေးနေမှုအခြေအနေ၊ Quarantine Center များနှင့် Positive Center များ တွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း များဖြန့်ခွဲ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ရောဂါပိုးတွေ့ရှိမှုနှုန်းများပြားသည့်    တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသိပညာပေးခြင်းများ ကြပ်မတ် ဆောင်ရွက်ခြင်းများကို ပိုမိုလုပ်ဆောင်သင့်သည့် အခြေအနေ။ 


၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ


ကမ္ဘာ့နိုင်ငံအသီးသီးတွင်   ရောဂါပိုးကူးစက် ပြန့်ပွားမှု၊  သေဆုံးမှုအခြေအနေ၊ မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ရောဂါ တတိယလှိုင်း ကူးစက်ပြန့်ပွား ဖြစ်ပေါ်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်အထိ ဖြစ်ပွား သူ ၂၁၀၉၆၁ ဦး၊ သေဆုံးသူ ၁၀၀၄၈ ဦးရှိခဲ့သည့် အခြေအနေ၊  လက်ရှိအချိန်တွင်  ရောဂါပိုးတွေ့ရှိမှု နှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလျက်ရှိပြီး ဇူလိုင်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် ဩဂုတ် လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း နှိုင်းယှဉ် ကြည့်မည်ဆိုပါက ၃၆ ရာခိုင်နှုန်းအထိ ကျဆင်းလာ သည်ကို တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် ကြည့်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီး တွင် ၇၄ ရာခိုင်နှုန်း၊  ပဲခူးတိုင်းဒေသကြီးတွင် ၆၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃ ရာခိုင် နှုန်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် ၄၀ ရာ ခိုင်နှုန်းကျော်အထိ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရသည့် အခြေအနေ။


ရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလျက်ရှိသည့် ဒေသ များအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေ၊      သတ်မှတ် စည်းကမ်းချက်များ  လိုက်နာရန်  အားနည်းသည့် နေရာဒေသများ၌    ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို လူထုနှင့် အနီးကပ်ရှိသည့် နေရာ များအထိ လုပ်ဆောင်ပေးရန် လိုအပ်သည့် အခြေ အနေ၊    ကာကွယ်ဆေးများ    ထပ်မံရောက်ရှိ လာနိုင်ရေး    ဆောင်ရွက်မှုအနေဖြင့်    တရုတ်နိုင်ငံမှ 


ကာကွယ်ဆေး တစ်သန်းကို လာမည့်အပတ်အတွင်း ရရှိနိုင်ရေး ချိတ်ဆက်လုပ်ဆောင်လျက်ရှိပြီး ထပ်မံ စာချုပ်ချုပ်ဆိုထားသည့် ၂၄ သန်းကိုလည်း  ဝယ်ယူ ရရှိနိုင်ရေး  သက်ဆိုင်ရာဝန်ကြီးဌာနများမှ  အမြဲ မပြတ် ကြိုးပမ်းချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ။
ကမ္ဘာ့နိုင်ငံများတွင် ဗီဇပြောင်းရောဂါပိုး မျိုးစိတ် အသစ်များ    ဆက်လက်တွေ့ရှိနေရမှု၊   ကူးစက် ပြန့်ပွားနိုင်မှုအခြေအနေနှင့်  ဗီဇပြောင်းရောဂါ ပိုးများ ကူးစက်ဝင်ရောက်နိုင်မှုကို ကာကွယ်တားဆီး နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည့် အခြေအနေ၊ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည့် အခြေအနေ နှင့် IDP Camp များတွင်လည်း ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အပြည်ပြည် ဆိုင်ရာ   အဖွဲ့အစည်းများထံမှ   လှူဒါန်းသည့် ကာကွယ်ဆေးများရရှိနိုင်ရေး    ချိတ်ဆက်ဆောင် ရွက်နေသည့်  အခြေအနေ၊    အာဆီယံနိုင်ငံများ၊ အာဆီယံအပေါင်း    နိုင်ငံများနှင့်    ပူးပေါင်း၍ ကာကွယ်ဆေးများရရှိနိုင်ရေး ဆွေးနွေးဆောင်ရွက် ခဲ့မှုအခြေအနေ၊     တိုင်းရင်းဆေးများမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး  သုတေသနဆောင်ရွက်နေမှုအခြေအနေ။


ရှင်းလင်းတင်ပြ


ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အတွက် စေတနာရှင်အလှူရှင်များထံမှ အလှူငွေ များရရှိမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးရန်ပုံငွေမှ သုံးစွဲထားရှိမှုအခြေအနေ၊      ဆိပ်ကမ်းများ၊ လေဆိပ်များ၊  နယ်စပ်ဂိတ်များမှတစ်ဆင့် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးဝါးများနှင့် အခြားအိမ်သုံးအခြေခံဆေးဝါးများ တင်သွင်းဆောင်ရွက်နေမှုအခြေအနေ၊    ကျန်းမာ ရေးဆိုင်ရာ    အသိပညာပေးခြင်းလုပ်ငန်းများကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊   ရေဒီယိုများ၊  သတင်းစာ များနှင့်   အခြားမီဒီယာများမှတစ်ဆင့်  ထုတ်လွှင့် ပြန်ကြားနေမှုအခြေအနေ၊         တိုင်းရင်းသား ဘာသာစကားများ၊ အစီအစဉ်သစ်များဖြင့် ပညာပေး လုပ်ငန်းများ  တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိကာလတွင်    အောက်ဆီဂျင်လိုအပ်ချက်  များအတွက်  တိုးမြှင့်ထုတ်လုပ်ပေးနေမှု အခြေအနေ၊ ဆေးဝါးများကို        ဈေးနှုန်းကြီးမြင့်လာစေရန် ရည်ရွယ်ချက်ရှိစွာဖြင့် သိုလှောင်မှုများ မရှိစေရေး ဆေးဆိုင်များနှင့်    ဆေးဝါးသိုလှောင်ထားသည့် ဂိုဒေါင်များအား စစ်ဆေးဆောင်ရွက်ခဲ့မှု၊ တွေ့ရှိမှုနှင့် အရေးယူနိုင်ရေး   ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ပြည်ပရောက်   မြန်မာနိုင်ငံသားများ  ပြန်လည် ဝင်ရောက်လာမှုနှင့်   စနစ်တကျ   ဆေးစစ်မှုများ ဆောင်ရွက်ပေးပြီး   ၎င်းတို့   နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးနေမှု အခြေအနေ။
Relief Flight များ  ပြေးဆွဲ၍  ခရီးသည်နှင့် ဆေးဝါးများ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည့် အခြေ အနေနှင့်   ပို့ဆောင်ဆက်သွယ်မှု  မပြတ်တောက် စေရေး  လေယာဉ်၊  ရေယာဉ်များနှင့် ကုန်းလမ်း ပို့ဆောင်ရေးတို့မှ ခရီးစဉ်များ ပြေးဆွဲဆောင်ရွက် လျက်ရှိသည့် အခြေအနေ၊   ရောဂါပိုး အတည်ပြု လူနာများအား တပ်မတော်စင်တာများတွင် ကုသ ဆောင်ရွက်ပေးနေမှုနှင့် လူနာများအား ကုသပေး နိုင်ရေး ဆေးတပ်ဖွဲ့ဝင်များကို တာဝန်ပေးအပ်ထား ရှိသည့်   အခြေအနေ၊    ဆေးဝါးများ  တင်သွင်း ဖြန့်ဖြူးမှု လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျှော့၊ ချိတ်ဆက်ဆောင်ရွက်ပေးနေမှုနှင့်     ပြည်တွင်းရှိ နိုင်ငံပိုင်၊     ပုဂ္ဂလိကပိုင်   ဆေးဝါးစက်ရုံများမှ ဆေးဝါးများ   ထုတ်လုပ်ပေးနေမှု    အခြေအနေနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား သည်။


အထူးကိစ္စတစ်ရပ်အနေနဲ့ စောင့်ရှောက်ပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုနှင့်ပတ်သက်၍ “နောက် တစ်ခုက  ကျန်းမာရေးဝန်ထမ်းတွေ၊  တကယ်ကို ကျန်းမာရေးဝန်ထမ်းတွေက ရှေ့တန်းကျကျ လုပ်ရ တာ၊   ဆေးရုံတွေမှာ၊   ဖျားနာလာတဲ့သူတွေကို သူတို့ပဲကုရတာ၊  သူတို့ကိုကူးစက်ပြီဆို  သူတို့ကို Priority ပေးရလိမ့်မယ်၊ ဦးစားပေးပြီးတော့ သူတို့ကို အထူးကိစ္စတစ်ရပ်အနေနဲ့ စောင့်ရှောက်ပေးဖို့လိုပါ တယ်၊ ဖြစ်တဲ့အချိန်မှာ ဖြစ်လို့ပြန်ကုလို့ ပျောက်သွား ရုံတင်မဟုတ်ဘူး၊    နောက်ဆက်တွဲပြဿနာတွေ ပါ ပြန်ကြည့်ဖို့ လိုတာပေါ့။  တောက်လျှောက်ကို မှတ်ထားပြီးတော့ Register လုပ်ထားဖို့ လိုပါတယ်။ ကုသရင်းနဲ့ ကူးစက်ခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေပေါ့။ သူတို့ ကိုတော့    အထူးကိစ္စတစ်ရပ်အနေနဲ့    သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး    ဝန်ကြီးချုပ်များက ပြန်ကြည့်ပေးပါ။ ဝန်ကြီးဌာနအနေနဲ့လည်း ဒါကို မှတ်တမ်းတင်ထားပြီး စောင့်ရှောက်ပေးဖို့ ကျွန်တော် ပြောလိုပါတယ်၊    နောက်တစ်ခါ      အရပ်ဘက်  ကုသရေးနဲ့ပတ်သက်ပြီး တချို့နေရာတွေမှာ မနိုင်တဲ့ အတွက်ကြောင့် တပ်မတော်က ဝင်ကူပေးရတာ ရှိတယ်။  တပ်မတော်က  ဝင်ကူပေးရတာရှိသလို တပ်မတော်ဆေးရုံတွေမှာလည်း ကုသပေးနေတာ တွေရှိတယ်။ ကိုဗစ်ကိုပဲ အဓိကထားပြီး ဆောင်ရွက်  ပေးနေတာတွေ။   ခုနကပြောတဲ့   ဥပမာအားဖြင့် Quarantine Center   လိုဟာမျိုးတွေ၊   ကုသရေး စင်တာလိုဟာမျိုးတွေမှာ ကျွန်တော်တို့က သီးခြား ထားပြီး   စောင့်ရှောက်ပေးထားသလိုပဲ  ဆေးရုံ တွေမှာလည်း   ကျွန်တော်တို့  ကုသပေးနေတာ တွေရှိတယ်။ ဒီလို လူတွေအတွက်လည်း           သီးခြား ချီးမြှင့်ပေးဖို့၊   ဆောင်ရွက်ပေးဖို့  လိုမယ်ဆိုတာ ကိုလည်း ကျွန်တော် ထည့်ပြီးပြောလိုပါတယ်”ဟု ပြောကြားသည်။


ထို့နောက် ရောဂါဖြစ်ပွားမှုနှုန်းများ ထက်ဝက် နီးပါးအထိ ကျဆင်းလာသည်ဆိုသော်လည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က တွက်ချက်သည့်နှုန်းအရ အချို့ မြို့နယ်များတွင် ရောဂါကူးစက်မှုနှုန်းများ များပြားမှု ရှိနေသေးသည်ကို   တွေ့ရှိရကြောင်း၊   ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  အဆိုပါ ရောဂါကူးစက်မှုနှုန်း မြင့်မားနေသေးသည့် မြို့နယ် များတွင် ရောဂါကူးစက်မှုနှုန်းများ လျော့ကျစေရေး ဂရုပြုဆောင်ရွက်ရန်လိုကြောင်း၊ ယခုအခါ အောက် ဆီဂျင်နှင့်ပတ်သက်၍      လက်ရှိအခြေအနေတွင် လုံလောက်မှုရှိနေပြီဖြစ်ကြောင်း၊  သို့သော် ယခု ဖြစ်ပွားနေသည့်   ရောဂါသည်  လက်ရှိအချိန်တွင် လုံးဝကင်းစင်ပျောက်ကင်းသွားမည့် ရောဂါမဟုတ်  သေးကြောင်း၊ အောက်ဆီဂျင်သည် ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင်သာမက  အခြား  ရောဂါကုသရေးများ အတွက်လည်း လိုအပ်သည်များရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်  တိုင်းဒေသကြီးအဆင့်  ဆေးရုံများ၊ ခရိုင်နှင့်မြို့နယ်  အဆင့်အလိုက်  ဆေးရုံများနှင့် ဆေးရုံကြီးများတွင် အောက်ဆီဂျင်များ အမြဲတမ်းရရှိ နေအောင် တွက်ချက်ဆောင်ရွက်ပေးရန် လိုကြောင်း၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါကလည်း ဖြည့်ဆည်း ပေးနိုင်ရေး တစ်နေရာနှင့်တစ်နေရာ အမြဲချိတ်ဆက် ဆောင်ရွက်ထားရန်လိုကြောင်း၊ အလားတူ နိုင်ငံပိုင်  အောက်ဆီဂျင်စက်ရုံများ၊ တပ်မတော်ပိုင် အောက် ဆီဂျင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် အောက်ဆီဂျင်စက်ရုံ များမှ အောက်ဆီဂျင်ထုတ်လုပ်မှုများအား စာရင်း ပြုစုထားပြီး ဆေးရုံများ၌ ဆေးရုံသုံးအောက်ဆီဂျင် များ    အမြဲမပြတ်ရရှိရေး    ဆောင်ရွက်ထားရန် လိုကြောင်း၊  ရေရှည်အတွက်ကြည့်၍ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။


မြေပြင်အခြေအနေမှန် သိရှိနေရန်လို


ရောဂါစစ်ဆေးမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများ ကျဆင်းလာသည့်အတွက်    ရောဂါကူးစက်မှုနှုန်း လျော့ကျလာသကဲ့သို့ ရာခိုင်နှုန်းအရလည်း ကျဆင်း လာမှုများရှိကြောင်း၊ အဓိကအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်     မြေပြင်အခြေအနေမှန် များအား သိရှိနေရန်လိုကြောင်း၊ ရောဂါကူးစက်ခံ ရသော်လည်း မိမိတို့အစီအစဉ်ဖြင့် ကျန်းမာရေးဌာန များသို့ လာရောက်ကုသမှုခံယူခြင်းမပြုသူများ မရှိရန် လိုကြောင်း၊  အဆိုပါ ရောဂါကူးစက်ခံရသူများမှ တစ်ဆင့်   အခြားသူများသို့  ကူးစက်ရန်အတွက် အန္တရာယ်များစွာရှိကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူ များအနေဖြင့်  စနစ်တကျဖြင့်  သတင်းဖော်ထုတ် ကြပ်မတ်ဆောင်ရွက်ပြီး    ရောဂါစစ်ဆေးမှုနှင့် ပတ်သက်၍ အထူးဂရုပြုဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း၊ ဆေးရုံတိုင်းတွင် ဆရာဝန်များရှိစေရေး အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖြန့်ခွဲ တာဝန်ပေးထားကြောင်း၊  လိုအပ်ချက်များရှိပါက တပ်မတော်မှ ဝင်ရောက်ကူညီ‌ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံတိုင်းတွင် ဆရာဝန်များရှိရေး သည်   အရေးအကြီးဆုံးအချက်ပင်ဖြစ်ကြောင်း၊ ဆရာဝန်များ တာဝန်ထမ်းဆောင်မှုနှင့် နေထိုင်မှုများ အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက  တတ်နိုင်သမျှ  ကူညီဆောင်ရွက် ပေးရန်လိုကြောင်း၊        

                 
 


ယခင်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင် ဆေးရုံများ ၌  ပြင်ဆင်မှုများ  အားနည်းခဲ့ခြင်းကြောင့် အခက် အခဲများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ယခုတတိယလှိုင်းတွင် လည်း ရောဂါကူးစက်မှုမြန်ဆန်ပြင်းထန်မှုကြောင့်  အခက်အခဲများဖြစ်ပေါ်ခဲ့သည်ကို သင်ခန်းစာယူ၍ ဆေးရုံများအားလုံး၌     ကုသရေးအတွက်    အမြဲ ကြိုတင်ပြင်ဆင်ထားရှိရန်လိုကြောင်း၊ မိမိတို့ဒေသ အလိုက်  လူဦးရေကို  တွက်ချက်၍  သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ ကြိုတင်ပြင်ဆင်ထား ရန်လိုကြောင်း။
သဘာဝဘေးအန္တရာယ်များ


ထို့နောက် လက်ရှိကာလအတွင်း ကြုံတွေ့လာ ရနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက် ၍ လိုအပ်သည်များ ကြိုတင်ဆောင်ရွက်နိုင်ရေးနှင့်  ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “နောက် တစ်ခုကတော့ ဆေးရုံများနဲ့ပတ်သက်ပြီး တစ်ချက် ကျွန်တော်မှာချင်ပါတယ်။  အဲဒါကတော့  ရာသီ ဥတုကလည်း  အခု  မိုးတွေများပါတယ်။   ခုနက လည်း  ဒုတိယဥက္ကဋ္ဌ  ပြောပါတယ်။  Weather forecast အရ လာမယ့်နောက်ဆုံးအပတ်လောက် ကနေစပြီးတော့ မိုးတွေပိုများလာဦးမယ့်  သဘော တွေရှိတယ်။ အဲဒီတော့ ဆေးရုံထဲမှာလည်း ရေတွေ မလျှံအောင်။ ဆေးရုံတွေ ရေမလျှံအောင်၊ ရေမဝင် အောင်၊   ရေစီးရေလာကောင်းအောင်   အဲဒါတွေ လည်း  လုပ်ပေးထားပေါ့။   ဖြစ်လာရင် လူနာတွေ ရွှေ့ထုတ်ရတာ တော်တော်ခက်ပါတယ်။ တော်တော် အန္တရာယ်များပါတယ်။ လုပ်ရကိုင်ရတာ တော်တော် လေး လက်ဝင်ပါတယ်။ လူကောင်းတွေ ရွှေ့ရတာ ကိစ္စမရှိဘူး။    လူမမာတွေ     ရွှေ့ရတာကျတော့ တော်တော်ကို  ဒုက္ခ၊  သုက္ခ  ရောက်နိုင်တယ်။ ဒါကြောင့်   ဆေးရုံနဲ့ပတ်သက်ရင်   ရေပိတ်နိုင်တဲ့ ကိစ္စတွေ၊ မြောင်းတွေ ပိတ်နေတာတွေ၊ ချုံနွယ်ပိတ် ပေါင်းတွေ ရှိနေတာတွေ၊ အမှိုက်သရိုက်တွေ မရှိ အောင်   ဒါလေးတွေ   အကုန်လုံးရှင်းပေးထားပါ။ နောက်တစ်ခါသွားဖို့လာဖို့အတွက်  လမ်းတွေကို လည်း ဂရုတစိုက်ကြည့်ပေးထားဖို့ ပြောလိုပါတယ်။ အရေးပေါ်   ကယ်ဆယ်ရေးနဲ့ပတ်သက်ရင်လည်း  အမြဲတမ်း ပြင်ထားပါ။    မိုးမကုန်မချင်းကတော့ တန်းမဖြုတ်ဖို့           ကျွန်တော်ပြောလိုပါတယ်။ တန်းမဖြုတ်ပါနဲ့      အားလုံးအဆင်သင့်ပြင်ထား။ ထမင်းကျွေးသင့်ရင်လည်း ကျွေးထား။ အဲဒီအတွက်  ပိုက်ဆံအကုန်အကျခံရမယ်ဆိုလည်း အကုန်အကျ ခံမယ်။ သဘာဝဘေးအန္တရာယ်အတွက် ကျွန်တော် တို့  အကုန်အကျ  ခံပေးမယ်။ အရေးကြီးတာတော့ ဖြစ်ကာမှ အကုန်လုံး မနိုင်မနင်းနဲ့ဖြစ်မှာ ကြောက်ရ တာ။ အရေးကြီးတာတော့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တာကတော့     လက်ရှိအခြေအနေမှာ   ရေကြီးရေလျှံနဲ့ပတ်သက်တာ      အခက်အခဲတွေ ဖြစ်လာနိုင်တယ်။     ဒါကို  တွက်ချက်ပြီးတော့မှ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက  ပြင်ထားပေး ဖို့ရယ်။ အဓိက ကတော့ ဆေးရုံတွေမှာ ရေလျှံတာ တို့၊  ဘာတို့ မဖြစ်အောင်၊  လူနာတွေ ရွှေ့ထုတ်ရတဲ့ အဆင့်မျိုး၊ ဒုက္ခ၊ သုက္ခ မရောက်အောင် ဒါလေးလည်း ပြင်ထားဖို့  လိုမယ်ဆိုတာလေးလည်း  ကျွန်တော် မှာလိုပါတယ်”ဟု ပြောကြားသည်။


အဓိကလိုအပ်သည့်ပစ္စည်းများဖြစ်


ထို့နောက်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးနှင့်ပတ်သက်သည့် Mask များ၊ Face Shield များ၊ PPE ဝတ်စုံများ၊ လက်အိတ်များနှင့် အခြား လိုအပ်သည့် ပစ္စည်းများအား ပြည်တွင်း၌ ထုတ်လုပ် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ အနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်လျက်ရှိသော်လည်း လိုအပ်ချက်များ များစွာရှိနေသေးကြောင်း၊ အဆိုပါ ပစ္စည်းများသည် လူထုအတွက် အဓိကလိုအပ်သည့် ပစ္စည်းများဖြစ်ကြောင်း၊ လိုအပ်ပါက ထုတ်လုပ် နိုင်ရေး ကြိုတင်တွက်ချက်ပြင်ဆင် ဆောင်ရွက်ထား ရန်လိုကြောင်း၊ ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် နိုင်ငံသားများကိုလည်း ပြန်လည်ဝင်ရောက်နိုင်ရေး အတွက် နည်းလမ်းပေါင်းစုံဖြင့် လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်နိုင်ရေး   စနစ်တကျ   မျက်ခြည်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆိုပါ ပြန်လည်ဝင်ရောက်လာသူများ၏ ကုသရေးလုပ်ငန်း များကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက် ပေးရန်လိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။  

                                       
သတင်းစဉ်