Type

လတ်တလောကာလတွင် တရုတ် နိုင်ငံ၌ ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကူးစက်သော အဆုတ်ရောင်ရောဂါကို မြန်မာ့လူ့အဖွဲ့ အစည်းက များစွာအာရုံစိုက်နေကြပါ သည်။ ကျွန်တော် မကြာမီက ပေကျင်း မှ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာခဲ့ ပါသည်။ တရုတ်နိုင်ငံ၌ ရှိနေစဉ် အတွင်း ကျွန်တော်သည် တရုတ် လူ့အဖွဲ့အစည်း၏ တက်ညီလက်ညီ ရောဂါခုခံတိုက်ဖျက်သည့် အခြေအနေ တို့ကို ကိုယ်တွေ့ကြုံခဲ့ရပါသည်။
ရောဂါ စတင်ဖြစ်ပွားစဉ် ကတည်းက တရုတ်အစိုးရသည် ပြည်သူလူထု၏ အသက်လုံခြုံရေးနှင့် ခန္ဓာကိုယ် ကျန်းမာရေးကို ပထမ နေရာတွင်ထားရှိ၍ ဘက်စုံမှ တင်းကျပ်မှု၊ ထိရောက်မှုအရှိဆုံး ကာကွယ်ထိန်းချုပ်ရေးအစီအမံများကို ကျင့်သုံးကာ ရောဂါအခြေအနေ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အသီးသီးကို ထိရောက်စွာဆောင် ရွက်ခဲ့ပါသည်။ လက်ရှိတွင် ရောဂါ အခြေအနေသည် အပြုသဘော ဆောင်သည့် ပြောင်းလဲမှုများဖြစ်ပေါ် လျက်ရှိပြီး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းမှာ တက်ကြွသည့် ရလဒ် ကောင်းများ ဖြစ်ထွန်းလျက်ရှိပါ သည်။ ရောဂါအခြေအနေ ပြင်းထန်မှု အရကြည့်လျှင် တရုတ်ပြည်တွင်း၌ ရောဂါဖြစ်ပွားသူများ၏ သေဆုံးနှုန်း မှာ ၂ ဒသမ ၁ ရာခိုင်နှုန်းရှိရာ ၂၀၀၉ ခုနှစ်တွင် ဖြစ်ပွားသည့် Seasonal Influenza A (H1N1) ရာသီ တုပ်ကွေးရောဂါ (သေဆုံးနှုန်း ၁၇ ဒသမ ၄ ရာခိုင်နှုန်း)၊ အီဘိုလာ ဗိုင်းရပ်စ် (သေဆုံးနှုန်း ၄၀ ဒသမ ၄ ရာခိုင်နှုန်း)၊ MERS ရောဂါ (သေဆုံး နှုန်း ၃၄ ဒသမ ၄ ရာခိုင်နှုန်း) တို့ထက် များစွာလျော့နည်းပါသည်။ ဒေသ ဖြန့်ကြက်မှုအရကြည့်လျှင် ဟူပေ ပြင်ပရှိ ဒေသများ၏ ရောဂါဖြစ်ပွားသူ တိုးလာနှုန်းသည် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ တောက်လျှောက်လျော့ ကျလာခဲ့ပါသည်။ ကယ်ဆယ်ကုသရေး ရလဒ်ကိုကြည့်လျှင် ကုသပျောက် ကင်းနှုန်းသည် ရောဂါကြောင့် သေဆုံးနှုန်းထက် များစွာမြင့်မား သည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံ သည် ဤရောဂါကာကွယ်ထိန်းချုပ် တိုက်ဖျက်ရေးလုပ်ငန်းကို သေချာ ပေါက် အမြန်ဆုံးအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ သည်။
ဤရောဂါ ရုတ်တရက်ဖြစ်ပွား လာခြင်းသည် ကျွန်တော်တို့အတွက် ခက်ခဲသည့် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ် ပါသည်။ ကျွန်တော်သည် မိမိမြင် တွေ့သမျှ၊ ကြားသိသမျှတို့ကို ပေါင်းစပ်၍ မြန်မာမိတ်ဆွေများထံ အမြင်တချို့ မျှဝေလိုပါသည်။
ဦးစွာအနေဖြင့် တရုတ်ကွန်မြူ နစ်ပါတီနှင့် အစိုးရသည် ပြည်သူ လူထု၏ အသက်လုံခြုံရေးနှင့် ခန္ဓာ ကိုယ်ကျန်းမာရေးကို များစွာအလေး ထားပါသည်။ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းကို ကိုယ်တိုင် လမ်းညွှန်၊ ကိုယ်တိုင်စီမံခန့်ခွဲခဲ့ပါ သည်။ ဇန်နဝါရီလ ၂၅ ရက်နေ့ တရုတ်နှစ်သစ်ကူး နှစ်ဆန်းတစ်ရက် နေ့တွင် သမ္မတ မစ္စတာ ရှီကျင့်ဖျင် သည် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီအစည်းအဝေးကို ဦးဆောင် ကျင်းပခဲ့ပြီး ရောဂါကာကွယ်ထိန်း ချုပ်ရေးလုပ်ငန်းကို တရုတ်အစိုးရ၏ လက်ရှိ အရေးကြီးဆုံးလုပ်ငန်းအဖြစ် သတ်မှတ်ဆောင်ရွက်ရန် အလေးပေး ပြောကြားခဲ့ပါသည်။
ထို့နောက် သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် ဗဟိုနိုင်ငံရေး ဗျူရို အမြဲတမ်းကော်မတီအစည်း အဝေး နှစ်ကြိမ် ဦးဆောင်ကျင်းပခဲ့ပြီး အောက်ခြေသို့ ကွင်းဆင်းလေ့လာ၍ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကို လေ့လာစီမံခန့်ခွဲခဲ့ပါ သည်။ ဝန်ကြီးချုပ် မစ္စတာ လီခချန် ဦးဆောင်သည့် ရောဂါထိန်းချုပ်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဗဟို အဆင့် ညွှန်ကြားရေးအဖွဲ့ကို ရောဂါ ဖြစ်ပွားသည့် အချက်အချာဒေသဖြစ် သည့် ဝူဟန်သို့စေလွှတ်၍ လုပ်ငန်း ဆောင်ရွက်စေခဲ့ပါသည်။ တရုတ် အစိုးရ၏ အားကောင်းသည့် ခေါင်းဆောင်မှုနှင့် သိပ္ပံနည်းကျ စီမံ ဆောင်ရွက်မှုကြောင့် ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အားကောင်း သော အာမခံချက်ဖြစ်ထွန်းစေခဲ့ပြီး ပြည်သူတစ်ရပ်လုံးအား ယုံကြည်မှု များစွာ တိုးပွားလာစေခဲ့ပါသည်။
ဒုတိယအနေဖြင့် တရုတ်နိုင်ငံ သည် အမျိုးသားစနစ်၏ အားသာ ချက်ကို အပြည့်အဝဖော်ထုတ်နိုင်ခဲ့ပါ သည်။ ကူးစက်သည့် ဇာစ်မြစ်ကို ဖြတ်တောက်နိုင်ရန်အတွက် တရုတ် အစိုးရသည် ယခင်က မလုပ်ဆောင်ခဲ့ ဖူးသည့် လူဦးရေ သိန်းရာနှင့်ချီရှိသည့် ဝူဟန်မြို့ကြီးကို အဝင်အထွက်ပိတ် လိုက်ပြီး ဘက်စုံသော၊ အတင်းကျပ် ဆုံးသော အစီအမံများကို ကျင့်သုံး ဆောင်ရွက်ခဲ့ပါသည်။ တစ်နိုင်ငံလုံးရှိ ဒေသအသီးသီးမှ ဆေးဝန်ထမ်း နှစ်သောင်းကျော်သည် ဟူပေပြည်နယ် သို့ သွားရောက်အကူအညီပေးခဲ့ပြီး ပြည်နယ် ၁၉ ခုသည် “ပြည်နယ်တစ်ခု မှ မြို့တစ်မြို့ကို တာဝန်ယူကူညီပေး” သည့် နည်းလမ်းဖြင့် ဟူပေပြည်နယ်၏ ရောဂါအခြေအနေကို ကူညီကယ်ဆယ် ပေးကြသည်။ ဝူဟန်တွင် ဟော်စန်စန်း (Huo Shen Shan) နှင့် လေစန်စန်း (Lei Shen Shan) ဆေးရုံနှစ်ရုံကို အမြန်နှုန်းဖြင့် ဆောက်လုပ်ခဲ့သည်။ ထို့ပြင် ပစ္စည်းထောက်ပံ့ရေး၊ သိပ္ပံ သုတေသနပြုလုပ်ရေး၊ ဆေးကုသ ကယ်ဆယ်ရေး စသည့် ကဏ္ဍများ၌ လည်း ယခင်ကမရှိခဲ့ဖူးသော ထိရောက် မြန်ဆန်သည့်နှုန်းဖြင့် ဆောင်ရွက်ခဲ့ သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ Dr. Tedros Adhanom Ghebreyesus ပြောကြားသကဲ့သို့ပင် “တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်သည် မြန်ဆန်ပြီး အင်အားကြီးမားလှရာ ကြုံတောင့်ကြုံခဲပင်ဖြစ်ပြီး တရုတ် နိုင်ငံ၏ အမြန်နှုန်း၊ တရုတ်နိုင်ငံ၏ အင်အား၊ တရုတ်နိုင်ငံ၏ ထိရောက် မြန်ဆန်နှုန်းကို ဖော်ပြနေပါသည်။” ဤရောဂါသည် တရုတ်နိုင်ငံ၏ စီမံ အုပ်ချုပ်ရေးစနစ်နှင့် စွမ်းဆောင်ရည် ကို စမ်းသပ်သည့် စာမေးပွဲကြီးတစ်ခု ဖြစ်ပါသည်။ ကျွန်တော်တို့ အတွေ့ အကြုံများကို အနှစ်ချုပ်သုံးသပ်၍ အရေးပေါ် စီမံခန့်ခွဲရေး၊ ပြည်သူ့ ကျန်းမာရေး စသည့် နယ်ပယ်များ၌ အဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည်ပါ သည်။
တတိယအနေဖြင့် တရုတ်နိုင်ငံ စီးပွားရေး ကောင်းမွန်သည့်အလား အလာသို့ ဦးတည်နေခြင်းသည် ပြောင်းလဲမည်မဟုတ်ပါ။ ရေတိုအနေ ဖြင့်ကြည့်လျှင် ရောဂါအခြေအနေ ကြောင့် လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေး၊ စားသောက်ရေး၊ ဖျော်ဖြေရေး စသည့်လုပ်ငန်းများ အပေါ် အမှန်တကယ် သက်ရောက် မှုရှိသည်ကို တွေ့ရပါသည်။ သို့သော် ယင်းသည် တစ်စိတ်တစ်ပိုင်း၊ ယာယီသာဖြစ်ပြီး အကန့်အသတ် ရှိပါသည်။ ရောဂါကြောင့် ပေါ်ပေါက် လာသည့် ဒစ်ဂျစ်တယ်စီးပွားရေး လုပ်ငန်းသစ်များ (မှတ်ဉာဏ်တု (AI)၊ အွန်လိုင်းပညာရေးနှင့် ကုသရေး စသည့်)သည် စီးပွားရေး တိုးတက်မှု အသစ်များအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ၌ ရောဂါ အခြေအနေ မပြင်းထန်သည့် ဒေသ များတွင် စီးပွားရေး၊ လူမှုရေးအခြေ အနေ ပြန်လည်ကောင်းမွန်လာရေး လုပ်ငန်းများကို စတင်ဆောင်ရွက် နေပြီဖြစ်ပြီး အခွန်လျှော့ချခြင်း၊ စရိတ်လျှော့ချခြင်း၊ အကြွေးထောက် ပံ့မှု တိုးမြှင့်ခြင်း စသည့် နည်းလမ်း များဖြင့် လုပ်ငန်းရှင်များ၏ လုပ်ငန်း လည်ပတ်မှု အခက်အခဲများကို လျော့နည်းစေပါသည်။ ထိုသို့ဖြင့် အလုပ်အကိုင် အခွင့်အလမ်း တည်ငြိမ်စွာ ထိန်းသိမ်းပြီး စနစ် တကျ လုပ်ငန်းပြန်လည် လည်ပတ် စေကာ ရောဂါအခြေအနေကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက် မှုကို အနိမ့်ဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ပေးပါသည်။ ရေလတ် အနေဖြင့်ကြည့်လျှင် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း တဖြည်းဖြည်း ထိရောက်စွာ ဆောင်ရွက်လာနိုင် သည့်အလျောက် တရုတ်နိုင်ငံ၏ စီးပွားရေးသည်လည်း အားကောင်း သည့် ခွန်အားများ ဆက်လက်ထိန်း သိမ်းထားနိုင်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက်ရေးအတွက် အထောက် အပံ့ ဖြစ်စေပါသည်။ ယင်းသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးအတွက် သတင်းကောင်း တစ်ခုဖြစ်မည်ဟု ယုံကြည်ပါသည်။
စတုတ္ထအနေဖြင့် ရောဂါသည် နယ်စည်းမခြားပါ၊ လူသားတို့သည် အေးအတူပူအမျှ အသိုက်အဝန်း ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် လူသား တို့ ရင်ဆိုင်ရသည့် ဘုံစိန်ခေါ်မှုဖြစ် ပါသည်။ တရုတ်နိုင်ငံမှ ရောဂါခုခံ တိုက်ဖျက်ရန် ကျင့်သုံးသည့် အားကောင်းသော အစီအမံများ သည် တရုတ်ပြည်သူများကို တာဝန် ယူခြင်းဖြစ်ရုံသာမက တစ်ကမ္ဘာလုံး ကို တာဝန်ယူခြင်းလည်း ဖြစ်ပါ သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံ အသီးသီးထံ အချိန်နှင့်တစ်ပြေးညီ ဗိုင်းရပ်စ် မျိုးဗီဇအစီအစဉ် (Genome Sequence) ထုတ်ပြန်ခဲ့ပြီး များစွာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူသည့် သဘောထားကို ဖော်ပြခဲ့သည်။ တရုတ်နိုင်ငံမှအပ တစ်ကမ္ဘာလုံးတွင် ရောဂါဖြစ်ပွားသူ အရေအတွက်သည် တရုတ်ပြည်တွင်း၌ ရောဂါဖြစ်ပွားသူ အရေအတွက်၏ ၁ ရာခိုင်နှုန်း မျှပင်မရှိပါ။ ယင်းမှာ တရုတ်နိုင်ငံ သည် အခြားနိုင်ငံများသို့ ရောဂါပျံ့နှံ့ ခြင်းကို ထိရောက်စွာ တားဆီးနိုင်ခဲ့ သည်ကို ဖော်ပြနေပါသည်။ ထိုနည်း တူ ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများမှလည်း တရုတ်နိုင်ငံအပေါ် ထောက်ခံအားပေး မှု များစွာ ပေးအပ်ခဲ့ပါသည်။ “တစ်သားတည်း ဖြစ်ထွန်းနေတဲ့” ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ရောဂါပျံ့နှံ့မှုကို အတူတကွထိရောက် စွာ ကြိုးပမ်းထိန်းချုပ်ခြင်းသည် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံအကျိုး စီးပွားနှင့် ညီညွတ်ပါသည်။ ကျွန်တော်တို့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ တစ်ဦးနှင့် တစ်ဦး နားလည်မှုပေးအပ်ကာ အမြင်ကျဉ်းမြောင်းသည့် အယူစွဲများ နှင့် ခွဲခြားဆက်ဆံမှုများကို စွန့်လွှတ် ရန် လိုအပ်ပါသည်။ သူတစ်ပါးကို ဒုက္ခဖြစ်စေသည့် ကိုယ်ကျိုးစီးပွား အလွန်အမင်း ကာကွယ်ခြင်းသည် မိမိဆီသို့ တန်ပြန်သက်ရောက်လာပါ လိမ့်မည်။
ယခုနှစ် နှစ်ဆန်းပိုင်းတွင် တရုတ် နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် လာရောက်ခဲ့ရာ သမိုင်းဝင်ရလဒ် ကောင်းများ ဖြစ်ထွန်းခဲ့ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင် များသည် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတကွ တည်ဆောက်ရန် တညီတညွတ် တည်း သဘောတူညီခဲ့ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင် ပြောကြားသကဲ့သို့ပင် အေးအတူ ပူအမျှ အသိုက်အဝန်းဆိုသည်မှာ အခက်အခဲများကို အတူကျော်ဖြတ် ပြီး အောင်မြင်မှုများကို အတူမျှဝေ ခြင်းပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများသည် ယခု ရောဂါခုခံတိုက်ဖျက်ရေး၌ တရုတ် နိုင်ငံအပေါ် ပြတ်ပြတ်သားသား ထောက်ခံအားပေးပြီး လက်တွေ့ ဆောင်ရွက်ချက်ဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း၏ အနှစ်သာရကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါ သည်။ သမ္မတ ဦးဝင်းမြင့်သည် သမ္မတ မစ္စတာရှီကျင့်ဖျင်ထံ စာနာ ထောက်ထားကြောင်း သဝဏ်လွှာ ပေးပို့၍ “တရုတ်နိုင်ငံ၏ ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ယင်းအခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိ ကြောင်း” ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် များနှင့် လူပုဂ္ဂိုလ်တို့သည်လည်း စုပေါင်း၍ တရုတ်နိုင်ငံသို့ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်း ခဲ့ပါသည်။ မြန်မာပြည်သူများသည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီး စသည့်နေရာများတွင် တရုတ်နိုင်ငံ အတွက် ဆုတောင်းပေးပြီး ဗီဒီယို ရိုက်ကူး၍ ဝူဟန်အတွက် အားပေး စကားဆိုကြသည်။ ဤဆောင်ရွက် ချက်များသည် ကျွန်တော်တို့ကို များစွာ စိတ်လှုပ်ရှားစေပါသည်။
ရောဂါသည် ယာယီသာဖြစ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ရည်မှန်းချက်သို့ ကြိုးပမ်း လျှောက်လှမ်းခြင်းသည် ရေရှည်ဖြစ်ပါသည်။ ရောဂါကို အတူ တကွ တိုက်ဖျက်ခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ထပ်မံဖော်ပြနေပါသည်။ အပြန် အလှန် ဖေးမကူညီလျက်ရှိသည့် အိမ်နီးချင်းနှင့် မိတ်ဖက်အနေဖြင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံနှင့် အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ အကြား ထားရှိသည့် သဘောတူညီ ချက်များကို အကောင်အထည်ဖော် ဆောင်၍ လက်တွေ့ပူးပေါင်းဆောင် ရွက်မှုများကို တိုးမြှင့်ကာ ပြည်သူ ချင်း ကူးလူးဆက်ဆံမှုကို နက်ရှိုင်း စေပြီး ရခိုင်ပြည်နယ်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့၌ မြန်မာနိုင်ငံအပေါ် ဆက်လက် ထောက်ခံအားပေးသွား မည်ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်၏ အတူတကွ ကြိုးပမ်းမှုကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အခက် အခဲများကို အတူကျော်လွှားပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း ရည်မှန်းချက်ဆီသို့ မဆုတ်မနစ်သော ခြေလှမ်းများဖြင့် ဦးတည် လျှောက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
(ဤဆောင်းပါးတွင် ဖော်ပြ ချက်များသည် ဆောင်းပါးရှင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး၏ အာဘော်သာ ဖြစ်ပါသည်။)
- Log in to post comments