
၁။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့်ရှင်းမှု)သည် ရန်ကုန်အနောက်ပိုင်းခရိုင်နှင့် မြို့တွင်း မြို့နယ်များသို့ ရေပေးဝေလျက်ရှိသော ကုက္ကိုင်းရေလှောင်ကန်သို့ ရေပြည့်ဝစွာရောက်ရှိနိုင်ရန်အတွက် ရေကူးရေတွန်းစက်ရုံဝင်းအတွင်း ရှိ ဂျိုးဖြူပိုက် (၅၆" Ø MS) ယိုစိမ့်မှုအား ပိုက်အသစ်အစားထိုး လဲလှယ်ခြင်းလုပ်ငန်းကို ၁၈-၁-၂၀၂၂ ရက်နေ့ မွန်းတည့် (၁၂:၀၀) နာရီမှ ည (၂၄:၀၀) အထိ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
၂။ လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်းနှင့် ၁၉-၁-၂၀၂၂ ရက်နေ့ မွန်းတည့် (၁၂:၀၀) နာရီအထိ ရေကူးရေတွန်းစက်ရုံမှတစ်ဆင့် ရေပေးဝေလျက်ရှိသော တောင်ဥက္ကလာပ၊ ရန်ကင်း၊ မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်မြို့နယ်များနှင့် ကုက္ကိုင်းရေလှောင်ကန်မှတစ်ဆင့် ရေပေးဝေလျက်ရှိသော စမ်းချောင်း၊ အလုံ၊ ကြည့်မြင်တိုင်၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံ၊ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက် တံတား၊ ဗိုလ်တထောင်နှင့် ပုဇွန်တောင်မြို့နယ်များတွင် ရေအား လျော့နည်းပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေကြိုတင်စုဆောင်းထားနိုင်ပါရန် ကြိုတင် အသိပေးကြေညာအပ်ပါသည်။
အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ