
နေပြည်တော် ဩဂုတ် ၇
ယခုကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်း များနှင့် ပြည်သူအချို့အား အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အအုံများနှင့် ပုဂ္ဂလိကပိုင်အဆောက်အအုံများအား ဖျက်ဆီးမှု၊ CDM လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်း ဖြင့်ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက်ပါဝင်သူများမှအပ စိုးရိမ်စိတ် ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဝန်ထမ်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အခြားနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံသား များအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်မည်ဆိုပါက ၎င်းတို့အပေါ် ရေးဖွင့်ထားသည့်အမှုများကို ဥပဒေနှင့်အညီ ပိတ်သိမ်း ခြင်း၊ ရုပ်သိမ်းခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကွပ်ကဲမှုအောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ ရဲတပ်ဖွဲ့များသို့ ယုံကြည်စိတ်ချစွာဖြင့် ဆက်သွယ်နိုင်ရန် တယ်လီဖုန်း နံပါတ်များအား ဩဂုတ် ၃ ရက်မှစ၍ နေ့စဉ်သတင်းထုတ်ပြန်ကြေညာ ခဲ့ပြီးဖြစ်သည်။
ထိုသို့ ထုတ်ပြန်ကြေညာထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ရဲတပ်ဖွဲ့များထံ ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်များ သို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်နေကြသူ ကာယကံရှင်များကိုယ်တိုင်သော်လည်းကောင်း၊ ကာယကံရှင်၏ မိဘဆွေမျိုးသားချင်းများမှ တစ်ဆင့်သော်လည်းကောင်း ယုံကြည်စွာဖြင့် ဆက်သွယ်လာကြရာတွင် အသိပေးထုတ်ပြန်ကြေညာခဲ့သည့် ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျန်းမာရေးနှင့် ပညာရေးအစရှိသည့် အလွှာစုံမှ တိမ်းရှောင်နေသူ ၅၃ ဦး ဆက်သွယ်လာခဲ့သည်။
အဆိုပါ ဆက်သွယ်လာသူ ၅၃ ဦးနှင့်ပတ်သက်သည့် မှုခင်းများအား တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များရှိ မှုခင်းမှတ်တမ်းများနှင့် ပြန်လည်တိုက်ဆိုင်စိစစ်ခဲ့ရာ ဩဂုတ် ၃ ရက် ထုတ်ပြန်ကြေညာချက်ပါ အမှုပိတ်သိမ်းခြင်း၊ ရုပ်သိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် အကျုံးဝင်ပြီး ဖြေလျှော့ပေးရန် ကိုက်ညီမှုရှိသည့်အတွက် ယုံကြည်စွာ ဖြင့် ဆက်သွယ်လာသူ ၅၃ ဦးတို့၏ အမှုများအား ပိတ်သိမ်းပေးပြီး ဖြစ်ကြောင်းနှင့် စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်လျက်ရှိသည့် ကျန်ရှိသူများ အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏စေတနာအပေါ် ယုံကြည်စိတ်ချ စွာဖြင့် ထပ်မံဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သတင်းစဉ်