
ထွန်းကျော်
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှုကြောင့် လာမယ့် ဆယ်စုနှစ်အတွင်းမှာ ပင်လယ်ကမ်းခြေ အစိတ်အပိုင်းတချို့တစ်ဝက်ဟာ ပင်လယ်ရဲ့ ဝါးမြိုနေရာယူခြင်းကို ခံရတော့မယ်ဆိုတာကို ပင်လယ်ကမ်းခြေအပန်းဖြေစခန်းတစ်ခုမှာ အသက်ကယ်ဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်သူ ဒန်နီယာစီ ရိုဒရီဂုဇ်တစ်ယောက် သတိထားမိပါတယ်။
ခရီးသွားကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်
အခြေအနေသစ်တွေနဲ့ လိုက်လျော ညီထွေဖြစ်ဖို့လိုကြောင်းနဲ့ ကမ်းခြေကို ဆန်းသစ်တီထွင်ဖို့လိုကြောင်း ဒန်နီယာစီ ရိုဒရီဂုဇ်က ပြောကြားထားပါတယ်။ ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုး သက်ရောက်မှုနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ဖြစ်ပွားနေစဉ်အတွင်း ကျူးဘား အစိုးရဟာ ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးစားလျက်ရှိပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်းဟာ အရေးပါ
ကုလသမဂ္ဂ ၂၀၃၀ မျှော်မှန်း လမ်းညွှန်ချက်ကို မမှိတ်မသုန်လုပ်ဆောင် သွားမယ်လို့ ကျူးဘားခရီးသွားလာရေး ဝန်ကြီး ဂျူအန်ကားလို့စ်ဂါစီယာက မေ ၁၀ ရက်မှာကျင်းပမယ့် အကြိမ် (၄၀) မြောက် ကျူးဘားနိုင်ငံတကာခရီးသွား ကဏ္ဍပြပွဲမတိုင်မီ ဗာရာဒီရိုမှာ ကျင်းပ ခဲ့တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အခမ်း အနားမှာ ပြောကြားခဲ့ပါတယ်။ ခံနိုင်ရည် ရှိခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ခြင်းများဟာ ခရီးသွားအပန်း ဖြေနေရာများအတွက် မရှိမဖြစ် အရေး ပါတယ်လို့ သူက ဆက်ပြောပါတယ်။
ပဓာနကျတဲ့ ထိပ်တန်း ဦးစားပေး လုပ်ငန်းတွေဖြစ်
လတ်တလောမှာ ကျူးဘားဟာ ခရီးသွားကဏ္ဍမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုမှု တိုးတက်ဖို့နည်းလမ်း တွေ ချမှတ်ဆောင်ရွက်နေသလို တစ်ဖက် မှာလည်း ပလတ်စတစ်ညစ်ညမ်းမှုများ ကို လျှော့ချရေးနဲ့ ရေစီမံခန့်ခွဲမှုများ တိုးတက်ရေးတို့ကို လုပ်ဆောင်လျက် ရှိပါတယ်။ ကမ်းခြေတိုက်စားခြင်းကို ဖြေရှင်းဖို့၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ဇီဝမျိုးစုံမျိုးကွဲ များကိုကာကွယ်ဖို့က အစိုးရအတွက် ပဓာနကျတဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်း တွေဖြစ်တယ်လို့ ကျူးဘား သိပ္ပံ၊ နည်းပညာနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး အယ်လ်ဘာ ရိုဆာ ပီရက်ဇ်က ပြောပါတယ်။
မဟာဗျူဟာတစ်ရပ်
ခရီးသွားကဏ္ဍကို ကူညီထောက်ပံ့ ခြင်းဟာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာ တစ်ရပ်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကတည်းက ကျူးဘားအာဏာပိုင်တွေ ဟာ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ် ဖြေရှင်းဖို့ ရည်ရွယ်ထားတဲ့ အစိုးရရဲ့ အစီအစဉ်ကို အကောင်အထည်ဖော် ခဲ့ပါတယ်။
ကျူးဘားရဲ့ ပိုင်နက်နယ်မြေ ၁၀ ရာခိုင်နှုန်းလောက် ရေလွှမ်းနစ်မြုပ်နိုင်
ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု ကြောင့် ရာစုနှစ်ကုန်ရင် ကျူးဘားရဲ့ ပိုင်နက်နယ်မြေ ၁၀ ရာခိုင်နှုန်း အထိ ရေလွှမ်းနစ်မြုပ်သွားနိုင်ပါတယ်။ ကျူးဘားထိပ်တန်း မိုးလေဝသပညာရှင် ဟိုဆေးရူဘယ်ရာက ဟာရီကိန်းရာသီ ဟာ နှစ်ပေါင်း အတော်ကြာကြာ မြေထဲ ပင်လယ်ထဲကို ဝင်ရောက်လာနိုင်တယ်လို့ ပြောထားပါတယ်။
နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမယ်
ကမ်းရိုးတန်း ရေလွှမ်းမိုးနစ်မြုပ်မှု ဖြစ်စဉ်တွေ တိုးလာနိုင်ပါတယ်။ ဒါကြောင့်ပဲ ခရီးသွားကဏ္ဍအာဏာပိုင် တွေဟာ ဘေးအန္တရာယ်တွေကြုံတွေ့ နိုင်တဲ့ အခြေအနေတွေကို စီမံခန့်ခွဲနိုင်ဖို့ အာရုံစိုက်ထားရမှာပဲ ဖြစ်ပါတယ်။
ဒီနှစ်ကုန်မှာ နိုင်ငံခြားဧည့်သည် ၂ ဒသမ ၅ သန်းနီးပါးလာရောက်လည်ပတ်နိုင်ခြေရှိမှုနဲ့အတူ နိုင်ငံရဲ့စီးပွားရေး ဟာ ၄ ရာခိုင်နှုန်းလောက် ဖွံ့ဖြိုး တိုးတက်လာဖို့ ကျူးဘားအစိုးရက ခန့်မှန်းထားပါတယ်။
အရေးတကြီးဆောင်ရွက်ရမယ်
မြေထဲပင်လယ်တိုင်းပြည်များအဖွဲ့ အတွင်းရေးမှူးချုပ် ရိုဒေါဖို ဆာဘွန်းက ခရီးသွားကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းဟာ ဒေသတွင်းမှာရှိတဲ့ သဘာဝ ဘေးဒုက္ခ အကျိုးသက်ရောက်မှုကို အကောင်းဆုံး ဖြေရှင်းခြင်းဖြစ်တယ်လို့ ပြောကြားထားပါတယ်။
ရာသီဥတုပြောင်းလဲခြင်းဟာ ဒေသ တွင်း ခရီးသွားကဏ္ဍကို အဓိကပြောင်းလဲ စေတဲ့ အကြောင်းတစ်ခု ဖြစ်တယ်လို့ သူက ဆက်လက်ပြောကြားလိုက်ပါတယ်။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းခြင်း ကို လက်ရှိမှာ အရေးတကြီးဆောင်ရွက် သွားရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အရေးပါတဲ့လုပ်ငန်းတစ်ခု
တခြားကမ္ဘာ့နိုင်ငံတွေလိုပဲ ကျူးဘား ဟာ သူ့ရဲ့ ကိုဗစ်-၁၉ အလွန်ကာလမှာ ခရီးသွားကဏ္ဍကို ပြန်လည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်လျက်ရှိပါ တယ်။ ခရီးသွားကဏ္ဍဟာ နိုင်ငံအတော် များများအတွက် အဓိကအားထားရတဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။
စီးပွားရေးတွေ ထိခိုက်နစ်နာခဲ့
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ နိုင်ငံအတော်များများဟာ စီးပွားရေးထိခိုက်နစ်နာမှုတွေ ကြုံတွေ့ ခဲ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အတွက် နိုင်ငံအတော် များများဟာ ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ဆောင်ရွက်ခဲ့ ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပြန့်ပွားခြင်းမရှိအောင် ဆောင်ရွက်ခဲ့ကြ ပါတယ်။ ဒီလိုမျိုးဆောင်ရွက်ခဲ့ရတဲ့ အတွက်ကြောင့် နိုင်ငံအတော်များများရဲ့ စီးပွားရေးတွေ ထိခိုက်ခဲ့ပါတယ်။ အထူး သဖြင့် ခရီးသွားကဏ္ဍကို ထိခိုက်ခဲ့ပါ တယ်။ အဲဒီထဲမှာ ကျူးဘားနိုင်ငံလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
မျှော်လင့်လျက်ရှိ
အခုဆိုရင်တော့ ကျူးဘားနိုင်ငံဟာ ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရင်း နိုင်ငံစီးပွားရေး ကို ပြန်လည်နာလန်ထူအောင် လုပ်ဆောင် လျက်ရှိပါတယ်။ ဒီနှစ်ကုန်မှာ နိုင်ငံ တကာ ခရီးသွားတွေ သန်းနဲ့ချီလာရောက် ဖို့ကိုလည်း ကျူးဘားက မျှော်လင့်လျက် ရှိပါတယ်။
ကိုးကား - ဆင်ဟွာ