ရာသီဥတုဖောက်ပြန်မှုကြောင့် ဩစတြေးလျ၏ အထင်ကရ ဂရိတ်ဘာရီယာ သန္တာကျောက်တန်း အကြီးအကျယ် ယိုယွင်းပျက်စီးလာ

ကင်ဘာရာ  ဩဂုတ်  ၂၄
ဩစတြေးလျနိုင်ငံ၏ အထင်ကရ ဂရိတ်ဘာရီယာ   သန္တာကျောက် တန်းသည်  ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုများကြောင့်   အကြီး အကျယ်  ယိုယွင်းပျက်စီးလာနေ ကြောင်း  ဩဂုတ် ၂၃ ရက်က ထွက်ရှိလာသည့်   အစီရင်ခံစာ တစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရအေဂျင်စီ  တစ်ခုဖြစ် သည့်      ဂရိတ်ဘာရီယာသန္တာ ကျောက်တန်း         အဏ္ဏဝါဥယျာဉ် အာဏာပိုင်အဖွဲ့က   ထုတ်ပြန် သည့်     ဂရိတ်ဘာရီယာသန္တာ ကျောက်တန်း အကဲဖြတ်အစီရင် ခံစာ ၂၀၂၄ အရ ကမ္ဘာကြီးပူနွေးမှု တိုးလာတိုင်း         သန္တာကျောက် တန်းကြီး၏ ထူးခြားသော  ဇီဝ မျိုးစုံမျိုးကွဲများကို ထိခိုက်မှုများ ဖြစ်ပေါ်လာမည့်အပြင်   ယင်းနှင့် ဆက်စပ်သည့် ယဉ်ကျေးမှု အမွေ အနှစ်များ၊ လူမှုရေးနှင့် စီးပွားရေး ဆိုင်ရာ   အကျိုးကျေးဇူးများနှင့် သန္တာကျောက်တန်း       ဂေဟစနစ် ဝန်ဆောင်မှုများအတွက်  ထိခိုက် ဆုံးရှုံးမှုများ  ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း            ထုတ်ပြန်ထား သည်။
သမုဒ္ဒရာများ  ပူနွေးလာမှုနှင့် ပြင်းထန်သော  ဆိုင်ကလုန်းမုန်တိုင်း များကဲ့သို့သော ရာသီဥတုဆိုင်ရာ ခြိမ်းခြောက်မှုများ၊   ရေအရည် အသွေး ညံ့ဖျင်းမှု၊ ငါးဖမ်းလုပ်ငန်း နှင့်   သန္တာကျောက်တန်းများကို စားသုံးသည့် ကြယ်ငါးကဲ့သို့သော ရေသတ္တဝါများသည်       သန္တာ ကျောက်တန်းများ  ပျက်စီးမှုကို ပိုမိုဆိုးရွားစေသည့်အပြင်   သန္တာ ကျောက်တန်းကြီးကို  မှီခိုနေသည့် ပင်လယ်လိပ်များ၊       ငါးမန်းများ၊   ပင်လယ်ပျော်ငှက်များနှင့်  အခြား သော ပင်လယ်နေဇီဝမျိုးစိတ်များ မှာလည်း ကျဆင်းလာနေကြောင်း အစီရင်ခံစာက ဆိုသည်။
ယင်းအစီရင်ခံစာ   ထုတ်ပြန် သည့်နေ့တွင် သန္တာကျောက်တန်း ရေ     အရည်အသွေးမြှင့်တင်ရေး ရန်ပုံငွေအဖြစ်      သြစတြေးလျ ဒေါ်လာ ၁၉၂ သန်း (အမေရိကန် ဒေါ်လာ ၁၃၀ ဒသမ ၄ သန်း) ကို  အသုံးပြုသွားမည်ဟု   ပတ်ဝန်း ကျင်ထိန်းသိမ်းရေးရာ   ဝန်ကြီး တန်ယာပလီဘာဆတ်က ကြေညာ ခဲ့သည်။ ဝန်ကြီးချုပ်   အန်တိုနီ အယ်ဘာနီးစ်ကလည်း တောင်းစ် ဗဲလီတွင်    ဂရိတ်ဘာရီယာသန္တာ ကျောက်တန်း       အဏ္ဏဝါပြတိုက်    ပြန်လည်တည်ဆောက်ရန်အတွက် ရန်ပုံငွေ   ဩစတြေးလျ  ဒေါ်လာ သန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၆၇ ဒသမ ၉ သန်း) ကို   ခွင့်ပြု ပေးခဲ့သည်။                  ဆင်ဟွာ