“ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ” စာတမ်းဖတ်ပွဲ ကျင်းပ

 

နေပြည်တော်   ဧပြီ    ၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန က ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို    ယမန်နေ့    နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ   အခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များနှင့် လေ့လာသူများ တက်ရောက် ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ်များမှ  စာတမ်းရှင် များနှင့် လေ့လာသူများက အွန်လိုင်းမှ တက်ရောက် ကြသည်။
ရေစီမံခန့်ခွဲမှုများကို ဂရုပြုဆောင်ရွက်
ဖွင့်ပွဲအခမ်းအနားတွင်    ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အစိုးရအနေဖြင့် လယ်ယာကဏ္ဍကို အခြေခံ၍    နိုင်ငံ့စီးပွားမြှင့်တင်ရေးကို    ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ    စိုက်ပျိုးသီးနှံများ     ပိုမို ထုတ်လုပ်နိုင်ရေးအတွက် မြေယာကို အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရေရရှိရေးနှင့် စနစ်တကျသုံးစွဲရေး၊ သီးနှံအမျိုးအစားအလိုက်   ဒေသများနှင့်   ကိုက်ညီ သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်အသုံးပြုရေး၊ ဒေသအလိုက်    လိုက်လျောညီထွေရှိမည့်    ခေတ်မီ နည်းပညာများသုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင် နှင့် လိုက်လျောညီထွေရှိအောင် ဆောင်ရွက်နိုင်ရေး တို့ကို  စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သီးနှံများ  စိုက်ပျိုးထုတ်လုပ်ခြင်းသည်   ရာသီဥတု အပေါ် များစွာတည်မှီနေသဖြင့် ယနေ့ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို သတိချပ်ကာ ရေစီမံခန့်ခွဲမှု များကို ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။  
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရာသီဥတုပြောင်းလဲ မှုနှင့် လိုက်လျောညီထွေဖြစ်သော လယ်ယာကဏ္ဍ ဖော်ဆောင်နိုင်ရေးအတွက်   Myanmar  Climate-Smart Agriculture Strategy ကို ပြုစုထုတ်ပြန် ထားပြီးဖြစ်၍ သွေဖည်မှုမရှိစေဘဲ စီမံဆောင်ရွက် ကြရန် ဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘာတစ်ဝန်းလုံးတွင် အယ်လ်နီညို     သက်ရောက်မှုများနှင့်    လာနီညာ သက်ရောက်မှုများ ကြုံတွေ့ရလျက်ရှိရာ လယ်ယာ စီးပွားကဏ္ဍ    ဖွံ့ဖြိုးတိုးတက်ရေးကို    စနစ်တကျ ကြိုတင်စီမံဆောင်ရွက်နိုင်မှသာ   နိုင်ငံနှင့်   ဒေသခံ တောင်သူလယ်သမားများ၏      အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရာ ရောက်မည်ဖြစ်ပါကြောင်း။
စိုက်ပျိုးရေ     ပေးဝေမှုကဏ္ဍများတွင်လည်း ရေအလေအလွင့်နည်းပါးစွာ    စီမံဆောင်ရွက်၍ ရေအသုံးချသူ တောင်သူလယ်သမားများ ပါဝင်သည့် “ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်” အကောင်အထည် ဖော်မှုကဏ္ဍများကိုလည်း      အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း၊ မိမိ တို့ ဝန်ကြီးဌာနအောက်ရှိ ဌာနများတွင် နည်းပညာ ရပ်ဆိုင်ရာ    ဆွေးနွေးပွဲများ၊    စာတမ်းဖတ်ပွဲများ၊ စကားဝိုင်းဆွေးနွေးပွဲများ အခါအားလျော်စွာ ဆောင် ရွက်လျက်ရှိရာ ဆည်မြောင်းကဏ္ဍတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အင်ဂျင်နီယာများ၊ အတတ် ပညာရှင်များနှင့် ဝန်ထမ်းများအနေဖြင့်လည်း  မိမိတို့ တတ်ကျွမ်းရမည့်  နည်းပညာများကို လေ့လာသင်ယူ ၍     ယနေ့ဖြစ်ပေါ်နေသော    အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လက်တွေ့အသုံးချ ရန်ကိုလည်း      တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် “ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျော ညီထွေမည့် ရေအရင်းအမြစ် စီမံမှုများ” စာတမ်းဖတ် ပွဲကို ကျင်းပရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က စာတမ်း ဖတ်ပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးသည်။
စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေး
ဆက်လက်၍ စာတမ်းဖတ်ပွဲကို ကျင်းပရာ ပထမ နေ့တွင် စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေးခဲ့ကြ ပြီး ယနေ့တွင် ဒုတိယနေ့အဖြစ် စာတမ်း ၁၂ စောင် ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
နှစ်ရက်ကြာ      ကျင်းပသည့်     စာတမ်းဖတ်ပွဲ တွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ တက်ရောက်အားပေးကြပြီး       ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းစာတမ်း ရှင်များက    မြို့ပြ၊   စက်မှု၊   လျှပ်စစ်၊   ဘူမိ၊   ဇလ၊ မြေအောက်ရေနှင့် အခြားဆက်စပ်ကဏ္ဍအသီးသီးမှ စာတမ်း  ၂၄ စောင်ကို     တင်သွင်းဖတ်ကြားကာ အဆိုပါစာတမ်းများနှင့် စာတမ်းဖတ်ပွဲတက်ရောက် လာကြသူများ၏  ဆွေးနွေးချက်၊  သုံးသပ်ချက်နှင့် အကြံပြုချက်များကို   ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများတွင် အကျိုးရှိစွာအသုံးပြုနိုင်ရေး ဦးစီး ဌာနအနေဖြင့် စနစ်တကျထည့်သွင်းစီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။          

သတင်းစဉ်