
နေပြည်တော် မတ် ၁၄
အာရှပစိဖိတ် ရုပ်သံထုတ်လွှင့်မှု အဖွဲ့ (Asia Pacific Broadcasting Union – ABU)နှင့် UNI-Apro MEI တို့ပူးပေါင်းပြီး စီစဉ်ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် အစိမ်း ရောင်ထုတ်လုပ်မှုဆိုင်ရာ ခေါင်းစဉ် ဖြင့် ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်း က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေး ပို့ချရာ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ ဝန်ထမ်းများတက်ရောက် လေ့လာကြသည်။
ဆွေးနွေးပွဲတွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ရုပ်သံ ထုတ်လွှင့်မှု အခန်းကဏ္ဍ၏ အရေးပါမှုကို မြှင့်တင်ရန်၊ အပြု သဘောဆောင်သည့် ထုတ်လွှင့်မှု များ ဖြစ်စေရန်၊ လိုက်လျောညီထွေ ရှိစေရန်နှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များ လျော့ပါးစေရေးတို့ တွင် မီဒီယာအခန်းကဏ္ဍမှ ဆောင် ရွက်သင့်သည့် အချက်များကို ဘက်စုံထောင့်စုံမှ ဆွေးနွေးသည်။
မြန်မာ့အသံနှင့် ရုပ်မြင် သံကြား (MRTV) သည် ABUသို့ မြန်မာနိုင်ငံကိုယ်စားပြု၍ ၂၀၁၀ ပြည့်နှစ်မှစ၍ တင်းပြည့်အဖွဲ့ဝင် အဖြစ် ဝင်ရောက်ထားရှိရာ ယခု ကဲ့သို့ ABU အစီအစဉ်ဖြင့် Webinar မှတစ်ဆင့် သတင်းနှင့် အစီအစဉ် များကို Online ဖြင့် သင်တန်း ပြုလုပ်မှုများတွင် စဉ်ဆက်မပြတ် တက်ရောက် လေ့လာသင်ယူ လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်