ရာသီဥတုနှင့် မိုးလေဝသအခြေအနေများအလိုက် စိုက်ပျိုးသီးနှံပုံစံအမျိုးမျိုးတို့၏ သီးနှံထုတ်လုပ်မှုအပေါ် သက်ရောက်မှုတို့ကိုလေ့လာခြင်း နှစ်ရှည်သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်   ဇူလိုင်  ၂၉


စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်း အမြစ်များ   သုတေသနဌာနခွဲ၊ စိုက်ပျိုးရေးသဘာဝအရင်းအမြစ် များ လေ့လာရေးဌာနစုကွင်းတွင် “ရာသီဥတုနှင့် မိုးလေဝသအခြေ အနေများအလိုက် စိုက်ပျိုးသီးနှံပုံစံအမျိုးမျိုးတို့၏ သီးနှံထုတ်လုပ် မှုအပေါ်     သက်ရောက်မှုတို့ကို လေ့လာခြင်း” နှစ်ရှည်သုတေသန လုပ်ငန်းကို ရာသီဥတုနှင့်  မိုးလေ ဝသပြောင်းလဲမှု အခြေအနေများ အလိုက်   စိုက်ပျိုးသီးနှံပုံစံအမျိုး အမျိုးတို့၏     သီးနှံထုတ်လုပ်မှု အပေါ်         သက်ရောက်မှုများကို လေ့လာ၍ အထွက်နှုန်းကို ကြိုတင် ခန့်မှန်းနိုင်မည့်  Model  များကို ရေးဆွဲတည်ဆောက်ရန် ရည်ရွယ် ချက်ဖြင့်    ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 


သို့ဖြစ်ပါ၍           စိုက်ပျိုးရေး သဘာဝအရင်းအမြစ်များ လေ့လာ ရေးဌာနစုအနေဖြင့်         အဆိုပါ သုတေသနကို နှစ်ရှည်သုတေသန အဖြစ် ၂၀၂၁ ခုနှစ် မိုးရာသီမှစတင် ၍ ဆောင်ရွက်လျက်ရှိသည်။ စပါး အခြေခံသီးထပ်သီးနှံပုံစံလေးမျိုး ဖြစ်သည့်   မတ်ပဲ-မြေလှပ်-စပါး တစ်မိုးနှစ်သီး၊        နှမ်း-မြေလှပ်-စပါး၊    သစ်စိမ်း-မြေလှပ်-စပါး၊ သစ်စိမ်း-စပါး-စပါး ပုံစံများကို မိုးနှောင်း-နွေ- မိုးရာသီများတွင် မြေတစ်နေရာတည်း၌ ငါးနှစ်ကြာ နှစ်စဉ်       ဆက်တိုက်စိုက်ပျိုးသွား မည်ဖြစ်ပြီး စိုက်ချိန်၊  စိုက်နည်း စနစ်၊       အပင်ပြုစုစောင့်ရှောက်မှု တို့ကို စိုက်ပျိုးရေးသုတေသနဦးစီး ဌာနမှ ချမှတ်ထားသော နည်းစနစ် များအတိုင်း လိုက်နာဆောင်ရွက် သွားမည် ဖြစ်ပါသည်။          သီးနှံ စိုက်ပျိုးရာသီအတွင်း တစ်နေ့တာ ၏အမြင့်ဆုံးနှင့် အနိမ့်ဆုံးအပူချိန်၊ မိုးရေချိန်၊   နေရောင်ခြည်ရရှိမှု၊ စိုထိုင်းဆ၊ လေတိုက်နှုန်းစသည့် မိုးလေဝသမှတ်တမ်းများ၊  မြေဆီ လွှာအမျိုးအစား၊ သစ်ဆွေးဓာတ် နှင့် အပင်အာဟာရဓာတ်ပါဝင်မှု၊ မြေချဉ်ငန်ဓာတ်၊ ရေထိန်းစွမ်းအား စသည့်            မြေဆီလွှာဆိုင်ရာ မှတ်တမ်းများ၊    အပင်ကြီးထွားမှု အဆင့်အလိုက်           ကြီးထွားမှု မှတ်တမ်းများ၊      ပန်းပွင့်ရက်၊ ရင့်မှည့်ရက်၊ အထွက်နှင့်အထွက် မိတ်ဖက်မှတ်တမ်းများကို ကောက် ယူသွားမည်     ဖြစ်ကြောင်းနှင့် စမ်းသပ်ကွက်မှ       ရရှိလာသော မှတ်တမ်းများကို    အသုံးပြုပြီး Simulation Crop Model  များ၏ ခိုင်မာမှုကို ဆန်းစစ်လေ့လာသွား မည်ဖြစ်သည်။    ထိုသို့စစ်ဆေး ပြီးလျှင် သီးနှံအထွက်နှုန်းများကို   ခန့်မှန်း တွက်ချက်နိုင်မည်ဖြစ်သည်။ 

 


ဤသုတေသနကို ဆောင်ရွက် ခြင်းဖြင့်   ရာသီဥတုပြောင်းလဲမှု များ၏    စိုက်ပျိုးထုတ်လုပ်နိုင်မှု အပေါ်     သက်ရောက်မှုများကို ဖော်ထုတ်ပြီး       သတင်းအချက် အလက်များ    ဖြန့်ဝေပေးနိုင်ရန်၊ ထိရောက်သည့်အကြံပြုချက်များကို    ပေးနိုင်ရန်မျှော်လင့်ကြောင်း နှင့် အကျိုးကျေးဇူးများအနေဖြင့် စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ် နိုင်ခြေနှင့် ဆုံးရှုံးနိုင်သည့်  အခြေ အနေများကို ကြိုတင်ခန့်မှန်းနိုင် ပြီး အကျိုးဆက်များကို    စောင့် ကြည့်လေ့လာနိုင်ခြင်း၊ ကြိုတင် အစီအမံများကို    လုပ်ဆောင်နိုင် ခြင်းနှင့် ဆိုးရွားစွာသက်ရောက်မှု ကို    လျော့ပါးစေနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ     ရရှိလာနိုင် မည်ဟု မျှော်လင့်ကြောင်း   သိရ သည်။                      

သတင်းစဉ်