ရာသီဥတုဆိုးရွားမှုကြောင့် ဒုတိယမြောက် ဒုံးပျံလွှတ်တင်မှုကို ဂျပန်ရွှေ့ဆိုင်း

 

တိုကျို   ဖေဖော်ဝါရီ   ၁၃


ဂျပန်အာကာသ အေဂျင်စီသည် ကြာသပတေးနေ့တွင် ဒုတိယမြောက် H3 ဒုံးပျံသစ်လွှတ်တင်ရန် စီစဉ်ထား မှုကို   ရာသီဥတုဆိုးရွားမှုကြောင့်   ရွှေ့ဆိုင်းလိုက် ကြောင်း  နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ 


ကာဂိုရှီးမားစီရင်စု အနောက်တောင်ဘက်ရှိ တာနီဂါရှီမာအာကာသစင်တာ၌ ဒုံးပျံလွှတ်တင်ရန် စီစဉ်ထားမှုကို အင်္ဂါနေ့တွင် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက ရွှေ့ဆိုင်းကြောင်း ကြေညာ ခဲ့ခြင်းဖြစ်သည်။    မိုးကြိုးပစ်ခြင်း၊    လျှပ်စီးလျှပ် ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ  ဒုံးပျံလွှတ်တင် မည့် နံနက်  ၉ နာရီ ၂၂ မိနစ်အချိန်တွင် ဖြစ်ပေါ်နိုင်ဖွယ် ရှိကြောင်းနှင့် ရာသီဥတုအခြေအနေများက ဒုံးပျံအပြင် ဂြိုဟ်တုကိုပါ   ထိခိုက်နိုင်ဖွယ်ရှိကြောင်း     ဂျပန် အာကာသစူးစမ်းလေ့လာရေးအေဂျင်စီက ပြောသည်။ 


ရာသီဥတုခန့်မှန်းချက်များကို လေ့လာပြီးနောက် ဒုံးပျံလွှတ်တင်မည့်  ရက်အသစ်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ပြောသည်။ ပထမ အကြိမ်   H3  ဒုံးပျံကို   ၂၀၂၃  ခုနှစ်   မတ်လတွင် လွှတ်တင်ခဲ့သော်လည်း   ဒုတိယအဆင့်  အင်ဂျင်မီး မလောင်ခဲ့သောကြောင့် မအောင်မြင်ခဲ့ပေ။ အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီသည်  ပျံသန်းမှုအချက် အလက်ကို အခြေခံ၍ မအောင်မြင်ခဲ့သော အကြောင်း ရင်းများကို  လေ့လာကာ ဒုံးပျံအစိတ်အပိုင်းများကို ပိုမိုစိစစ်သေချာစွာ   စစ်ဆေးခြင်းအပါအဝင်   စီမံ ဆောင်ရွက်ချက်များကို   အကောင်အထည်ဖော်ခဲ့ သည်။  H3 သည် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်နိုင်ငံမှ တီထွင်ခဲ့သော ပထမဆုံးဒုံးပျံကြီး ဖြစ်သည်။ 


အင်န်အိတ်ချ်ကေ