ရာသီဥတုဆိုင်ရာဘေးဒုက္ခအကြောင်း ရင်ဖွင့်ချင်သူများကို တွန်းအားပေးရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း ဂရီတာ သွန်းဘာ့ဂျ် ပြော

 

စတော့ဟုမ်း   နိုဝင်ဘာ   ၇ 


ရာသီဥတုဆိုင်ရာ  ကျောင်းသား သပိတ်ကို စတင်ခဲ့ပြီးလေးနှစ်ကြာ ပြီးနောက်     ဆွီဒင်တက်ကြွသူ ဂရီတာသွန်းဘာ့ဂျ်က ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ  ရှေ့တန်း မှ   ဦးဆောင်သူများကို       Baton (လက်ဆင့်ကမ်းပြိုင်ပွဲတွင် အသုံး  ပြုသည့်  အချက်ပြတုတ်တို) ကို လက်ဆင့်ကမ်းပေးရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း    နိုဝင်ဘာ ၇ ရက် တွေ့ဆုံမေးမြန်းခန်း တစ်ခု တွင် ပြောကြားလိုက်သည်။ 

 


မိမိတို့သည် ရာသီဥတုဘေး ဒုက္ခဒဏ်ကို   အများဆုံးခံစားနေရ သူများ၏     အတွေ့အကြုံများ နှင့်     အစီရင်ခံစာများကိုလည်း နားထောင်သင့်ကြောင်း၊     ရာသီ ဥတုဆိုင်ရာ ဘေးဒုက္ခပုံပြင်တွေကို အမှန်တကယ်ပြန်လည်ပြောကြား မည့်သူတွေကို    megaphone (အသံချဲ့စက်တွေ) လွှဲပြောင်းပေး ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်း အသက် ၁၉ နှစ်အရွယ်  ဂရီတာ သွန်းဘာ့ဂျ်က      ဆွီဒင်သတင်း အေဂျင်စီ   တီတီသို့   ပြောကြား လိုက်သည်။ 

 


မကြာသေးမီနှစ်များအတွင်း က ပြည်သူလူထုကို သိပ္ပံပညာများ ကို နားစွင့်ထားကြရန် တိုက်တွန်း ပြောကြားလိုက်ပြီးနောက် ဂရီတာ သွန်းဘာ့ဂျ်က   ယခုအခါ   ကမ္ဘာ ကြီးကို  ရှုထောင့်အသစ်ကကြည့်ရှု ရန်    လိုအပ်လာပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။ 

 


လွန်ခဲ့သောလေးနှစ်က ဆွီဒင် ပါလီမန်အပြင်ဘက်တွင် ဂရီတာ သွန်းဘာ့ဂျ်၏   တစ်ကိုယ်တော် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ သပိတ်ဆင်နွှဲမှုက     ကမ္ဘာလုံး ဆိုင်ရာ  လှုပ်ရှားမှုအဖြစ် ဖန်တီး ဖြစ်ပေါ်စေခဲ့ပြီး လူငယ်သန်းပေါင်း များစွာကို  စည်းရုံးဆွဲဆောင်စေ ခဲ့ကာ     ရာသီဥတု    ဖောက်ပြန် ပြောင်းလဲခြင်း အန္တရာယ်ဆိုင်ရာ ငြင်းခုံမှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

 


ဂရီတာသွန်းဘာ့ဂျ်က အနာ ဂတ်  မျိုးဆက်သစ်များအတွက် ကမ္ဘာကြီးကို      ကယ်တင်ရန်  ရာသီဥတုဆိုင်ရာ       အရေးပေါ် ဆွေးနွေးငြင်းခုံမှုတစ်ခု လိုအပ်နေ  ပြီဖြစ်ကြောင်း ပြောကြားလိုက် သည်။ 


အေအက်ဖ်ပီ