ရာသီဥတုအခြေအနေနှင့် မိုးလေဝသသတိပေးချက်များကို အချိန်ပြည့်စောင့်ကြည့်ပြီး လိုအပ်ပါက သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းသွားရန်မှာကြား

 

စစ်တွေ   ဇွန်     ၉
စစ်တွေမြို့၌        ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများ   ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်   ဦးထိန်လင်း တို့သည် ယနေ့မွန်းလွဲပိုင်းတွင်   စစ်တွေ မြို့   ကုလားတန်ဘက်စုံသုံးဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့်   သင်္ဘောကြီးများ ပေါ်မှ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးပစ္စည်းများ ချနေမှု (ယာပုံ)နှင့် စစ်တွေကမ်းနားလမ်း     တစ်လျှောက် ပြန်လည်ပြုပြင်     တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံး ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် MCL-3၊ MCL-5 နှင့်  CHARITES   သင်္ဘောများ ပေါ်မှ အမိုးသွပ်၊ သစ်ခွဲသား၊ အုတ်နှင့် ဘိလပ်မြေများကို မော်တော်ယာဉ်များ ပေါ်သို့   တင်ဆောင်နေမှုအား   ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်        ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မုတ်သုံ ဝင်ရောက်မှုကြောင့် ပင်လယ်ကမ်းရိုးတန်း ဒေသများတွင်    မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနိုင်သည့်အတွက် ရာသီဥတုအခြေအနေနှင့်   မိုးလေဝသ သတိပေးချက်များကို       အချိန်ပြည့် စောင့်ကြည့်ပြီး  လိုအပ်ပါက သင်္ဘောများ ဘေးအန္တရာယ်  ကင်းရှင်းစေရေးအတွက် ဘေးလွတ်ရာနေရာများသို့   ရွှေ့ပြောင်း သွားရန်၊    ရာသီဥတုအခြေအနေပေါ် မူတည်၍    ရေစိုခံသည့်ပစ္စည်းများကို ဦးစားပေးတင်ဆောင်ရန်၊ ရေစိုမခံသည့် ပစ္စည်းများကို အမိုးအကာများ ဖုံးအုပ်၍ ပျက်စီးလေလွင့်မှုမရှိအောင် စနစ်တကျ ထားရှိရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး   ဦးစားပေးဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဆိပ်ကမ်း၌ လုပ်အားပေး ဆောင်ရွက်နေကြသည့်    မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားကာ အလှည့်ကျ စနစ်ဖြင့်   အနားပေးသွားရန်၊    နေထိုင် စားသောက်ရေးနှင့် ကျန်းမာရေးလိုအပ် ချက်များကို စနစ်တကျကြီးကြပ်ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားသည်။
ယင်းနောက်    ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်အဖွဲ့သည် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက်   ပြန်လည် ပြုပြင်တည်ဆောက်ရေး   လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊   ရာသီဥတုအခြေ အနေကြောင့်        ဒီရေမြင့်တက်နေမှု အခြေအနေတို့ကို   လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 
ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်အဆောက် အဦများ    ပြန်လည်ပြုပြင်ရန်အတွက် သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန   အနေဖြင့် ဒေသတွင်းနှင့်  အခြားဒေသများမှ   သစ် များကို စစ်တွေမြို့သို့သယ်ယူပြီး ယာယီ သစ်ခွဲစက်များဖြင့် ခွဲစိတ်၍ လိုအပ်ချက် ရှိသည့်နေရာဒေသများသို့  ပို့ဆောင်ပေး လျက်ရှိရာ ယနေ့အထိ စုစုပေါင်းရောက်ရှိ သစ်ခွဲသားနှင့် ခွဲစိတ်ပြီးသစ် ၁၃၆၉ တန်၊ ဖြန့်ခွဲပြီးသည့် သစ်ခွဲသား ၇၅၈ တန် ဖြစ် ကြောင်းနှင့် ကျန်ရှိသည့်   သစ်ခွဲသားများ ကိုလည်း    လိုအပ်သည့်နေရာများသို့ ဆက်လက် ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း   ဆက်သွယ် ရေးအော်ပရေတာ လေးခု၏ မိုဘိုင်းစခန်း စုစုပေါင်း   ၁၂၃၃ စခန်း  ရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း   မိုခါတိုက်ခတ်မှု ကြောင့်  မိုဘိုင်းစခန်း   ၉၀၄   စခန်း ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ကျန်စခန်း ၃၂၉ ခုဖြင့်သာ   ဝန်ဆောင်မှုပေးခဲ့ရာမှ ပြတ်တောက်သွားသော မိုဘိုင်းစခန်းများ ဆက်သွယ်မှု   ပြန်လည်ရရှိရေးအတွက် မိုက်ခရိုဝေ့ဗ်အင်တာနာများ တပ်ဆင်ခြင်း၊ ချိန်ညှိခြင်းနှင့် စက်ပစ္စည်းများ  စစ်ဆေး ခြင်း၊ အစားထိုးတပ်ဆင်ခြင်း  လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဇွန် ၉ ရက်အထိ မိုဘိုင်းစခန်း  စုစုပေါင်း  ၈၈၂ စခန်း     ပြန်လည်ပြုပြင်နိုင်ခဲ့သဖြင့် စုစုပေါင်းမိုဘိုင်းစခန်း ၁၂၁၁ စခန်း ရာခိုင် နှုန်းအားဖြင့် ၉၈ ဒသမ ၂၂ ရာခိုင်နှုန်းဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည် ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

             သတင်းစဉ်