ရှားပါးသည့် အာရုံကြောဆိုင်ရာရောဂါ ခံစားနေရကြောင်း စီလင်းဒီယွန် ထုတ်ဖော်ပြောကြား

 

ပါရီ  ဒီဇင်ဘာ ၉


အောင်မြင်ကျော်ကြားလှသည့် အမျိုးသမီးပေါ့အဆိုတော် တစ်ဦး ဖြစ်သော   စီလင်းဒီယွန်သည် ၎င်း၌    ရှားပါးသည့်   အာရုံကြော ဆိုင်ရာရောဂါ ခံစားနေရကြောင်း၊ အဆိုပါရောဂါကြောင့် ကြွက်သား များကျုံ့ခြင်းနှင့်     ၎င်း၏ သီဆိုမှု ကို          အနှောင့်အယှက်ဖြစ်စေ ကြောင်း     ထုတ်ဖော်ပြောကြားခဲ့ သည်။

 


ဒီဇင်ဘာ ၈ ရက်က  အင်စတာ ဂရမ်တွင်  တင်ထားသည့်ဗီဒီယို ဖိုင်၌   စီလင်းဒီယွန်က   ၎င်း၏ ရောဂါမှာ လူပေါင်းတစ်သန်းတွင် တစ်ဦးသာ   ခံစားရသည့်ရှားပါးသောရောဂါဖြစ်ကြောင်း ပြောခဲ့ သည်။ ကြွက်သားများ ရုတ်တရက် ကျုံ့ခြင်းကြောင့်  ၎င်း၏နေ့စဉ် လှုပ်ရှားမှု ဘဝကို   ထိခိုက်စေပြီး တစ်ခါတစ်ရံ လမ်းလျှောက်ရာတွင် ပင် ခက်ခဲကြောင်း၊ သီချင်းသီဆိုရာ တွင်လည်း ထိခိုက်ခံစားရကြောင်း စီလင်းဒီယွန်က ပြောသည်။

 


၂၀၂၃ ခုနှစ်  ဖေဖော်ဝါရီနှင့် ဧပြီလတို့တွင်ပြုလုပ်မည့်   ၎င်း၏ ဖျော်ဖြေပွဲများကိုလည်း တစ်နှစ် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ သည်။ နွေရာသီအတွက် စီစဉ်ထား သည့်ပွဲများကိုလည်း ဖျက်သိမ်းခဲ့ရ သည်။  
အဆိုပါရောဂါမှာ   ရှားပါးပြီး အချိန်ကြာလာသည်နှင့်      အခြေ အနေ  ဆိုးလာနိုင်သည့်  ရောဂါ မျိုးဖြစ်ကြောင်း            အာရုံကြော ချို့ယွင်းမှုများနှင့်   လေဖြတ်ခြင်း ဆိုင်ရာ    အမေရိကန် အမျိုးသား အင်စတီကျုက ပြောသည်။

အင်န်အိတ်ချ်ကေ