ရာဖာတွင် ထိုးစစ်ဆင်မှုများကိုချက်ချင်းရပ်ရန် ကုလအကြီးအကဲက အစ္စရေးကိုတိုက်တွန်း

 

ဂျီနီဗာ   မေ    ၂၉
 ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ရာဖာမြို့တွင် ထိုးစစ်ဆင်မှုများကို ချက်ချင်းရပ်ရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က အစ္စရေးကိုတောင်းဆိုလိုက်ကြောင်း အန်တီဂွာနှင့် ဘာဘူဒါနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မေ ၂၈ ရက်တွင် အင်န်အိတ်ချ်ကေနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောသည်။ 
အစ္စရေးက ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်သည့်အတွက် အရပ်သားများ ထိခိုက်သေဆုံးမှု၊  အခြေခံအဆောက်အအုံများနှင့် နေအိမ်များပျက်စီးမှုမှာ မိမိ၏   ကုလသမဂ္ဂအကြီးအကဲသက်တမ်း တစ်လျှောက်တွင် မျှော်မှန်းမထားနိုင်သည့်ပမာဏဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏမှာ လက်ခံနိုင်ဖွယ်ရာမရှိဟု ဂူတာရက်စ်က ပြောသည်။ 
ဟားမားစ်တို့ ဖမ်းဆီးထားသည့်  ဓားစာခံများပြန်လွှတ်ပေးရေး၊  အရပ်သားများကို သတ်ဖြတ်ခြင်းရပ်တန့်ရေးနှင့်ပျက်စီးမှုများ အဆုံး သတ်ရေး  ကမ္ဘာတစ်ဝန်း  အခြားသောအဖွဲ့အစည်းများက တတ်နိုင် သမျှဆောင်ရွက်ကြရန်လည်း ၎င်းကတောင်းဆိုခဲ့သည်။ အနာဂတ်တွင်  အစ္စရေးနှင့် ပါလက်စတိုင်းအတူယှဉ်တွဲနေထိုင်ရေး ဖြေရှင်းချက်ကို အကောင်အထည်ဖော်ရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ 
အင်န်အိတ်ချ်ကေ