
ဂါဇာ မတ် ၂၂
ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ရာဖာမြို့တွင် မြေပြင်ထိုးစစ်ဆင်မှု များ မပြုလုပ်ဘဲ ရှောင်ရှားရန် အစ္စရေး ကို ဥရောပသမဂ္ဂခေါင်းဆောင်များ က တောင်းဆိုခဲ့သည်။
လူ့အသက်များဆုံးရှုံးမှု မဖြစ်စေ ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးပို့ရာတွင် အနှောင့်အယှက် အဟန့်အတားများ မဖြစ်စေရေးတို့အတွက် ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဘယ်လ်ဂျီယံ နိုင်ငံတွင် မတ် ၂၁ ရက်က ပြုလုပ်သည့် ဥရောပကောင်စီ ထိပ်သီးအစည်းအဝေး တွင်အီးယူခေါင်းဆောင်များက ယင်းသို့တောင်းဆိုမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဂါဇာ ဒေသ၌ ဆေးဝါးနှင့်အစားအသောက် များ ဆိုးဆိုးရွားရွား ပြတ်လပ်မှုကို ဆွေးနွေးခဲ့ကြသည်။ ရာဖာမြို့တွင် အစ္စရေးတို့က မြေပြင်ထိုးစစ်ဆင်နွှဲမှု ပြုလုပ်ပါက ယခင်ကတည်းက ဆိုးရွား နေသည့် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာကပ်ဘေးကို ပို၍အခြေအနေ ဆိုးရွားသွားစေမည်ဖြစ်သည်။ အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် သက်သာ ချောင်ချိရေးပစ္စည်းများ ချက်ချင်းလိုအပ် လာခြင်းကိုလည်း တားဆီးရန်လိုအပ် သည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ ရာဖာတွင် လူပေါင်း ၁ ဒသမ ၅ သန်းခန့် နေထိုင်သည်။
ယင်းနေရာတွင် မြေပြင်ထိုးစစ်ဆင် မှုပြုလုပ်ရန် ဆုံးဖြတ်ထားကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟုက ပြောသည်။ ဂါဇာဒေသသည် အငတ်ဘေးဒုက္ခအတွင်းသို့ ကျလုနီးနီး ဖြစ်နေပြီဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က သတင်း ထောက်များကို ပြောသည်။ လျင်မြန်၍ လုံခြုံစိတ်ချရပြီး အတားအဆီးကင်းမဲ့ သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂါဇာဒေသသို့ အလျင် အမြန် ဝင်ရောက်နိုင်ရန် အရေးကြီး သည်ဟု ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။
အင်န်အိတ်ချ်ကေ