
ဂါဇာ မတ် ၂၈
ဂါဇာကမ်းမြောင်တောင်ပိုင်း၌ ကြိုတင်စီစဉ် ထားသည့် အစ္စရေးတို့၏ မြေပြင်ထိုးစစ်နှင့်ပတ်သက် ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးပွဲပြန်လည်စီစဉ်ရန် အစ္စရေးဘက်က သဘောတူခဲ့ကြောင်း အမေရိကန်
က ပြောကြားလိုက်သည်။
ယခုသီတင်းပတ်တွင် ဝါရှင်တန်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မည့်အစီအစဉ်ကို အစ္စရေးက ဖျက်သိမ်းလိုက်ပြီးနောက် ဆွေးနွေးပွဲပြန်လည် စီစဉ်ရန် သဘောတူခဲ့သည်ဆိုသည့် သတင်းမျိုး ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် မတ် ၁၈ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးတို့၏ ရာဖာစီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သားအများ အပြား သေဆုံးနိုင်ခြေရှိသည်ဆိုသည့် စိုးရိမ်ပူပန်မှု များကို ဖော်ပြခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးသွားရန် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ပေးနိုင်ရေး အမေရိကန်သမ္မတ က အစ္စရေးဝန်ကြီးချုပ်ကို တိုက်တွန်းပြောကြား ခဲ့သည်။
သို့သော် ဂါဇာတွင် ရုတ်တရက် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ ပျက်ကွက်မှုကို တုံ့ပြန်သည့်အနေ ဖြင့် အစ္စရေးက ဝါရှင်တန်သို့ ကိုယ်စားလှယ် စေလွှတ်မည့်အစီအစဉ်ကို တနင်္လာနေ့က ဖျက်သိမ်း ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်ရုံးက ဆွေးနွေးပွဲ ပြန်လည် စီစဉ်ရန် သဘောတူခဲ့သည်ဟု အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအကြီးအကဲ ကာရင်ဂျန်ပယ်ရီ က သတင်းထောက်များကို မတ် ၂၇ ရက်က ပြောကြားခဲ့သည်။ အင်န်အိတ်ချ်ကေ