ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၂၅


သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဩဂုတ် ၂၄ ရက် က ရှမ်းပြည်နယ်(တောင်ပိုင်း)ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး  သမဝါယမအသင်း များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို      ကွင်းဆင်းကြည့်ရှုစစ်ဆေး သည်။


ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းကုန်းကော်ဖီခြံသို့ရောက်ရှိပြီး    ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၂၃ ရွာ၊ အသင်းသား ၃၃၉  ဦးရှိ ကောင်းထက်ဟိန်းကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ      အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကော်ဖီကြိတ်ခွဲစက်ရုံကို ကြည့်ရှု စစ်ဆေးရာ      ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  ကောင်းထက်ဟိန်းကော်ဖီ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း အတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ကော်ဖီအသင်း၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက    လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို         ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံ၍ JICA (ODA) Loan ဖြင့် ရွာငံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အကောင် အထည်ဖော်    ဆောင်ရွက်လျက်ရှိသည့်  ရွာငံမြို့ မြို့ရေပေးရေးအတွက်     ဆောင်ရွက်ထားသော ရေစုကန်တည်ဆောက်နေမှုကို   လည်းကောင်း၊ ကျေးလက်ဒေသ     ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်အသက်မွေးဝမ်းကျောင်းနှင့်   ဝင်ငွေ မြှင့်တင်ရေးစီမံကိန်း (ERLIP) ဖြင့် ဆောင်ရွက်ခဲ့သည့် ဆင်နက်ချောင်ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမ၊ ရွာတွင်း   မီးလိုင်းသွယ်တန်းခြင်း  လုပ်ငန်းများကို လည်းကောင်း၊ ဂွေးပင်-ဆတ်ခြံ-တောင်ဦး ကျေးရွာ သုံးရွာ အိမ်ခြေ ၃၂၂ ၊ လူဦးရေ ၂၀၀၀ ကျော် အကျိုး ပြုသည့် အရှည်  ၁၄ မိုင် ၄ ဖာလုံ စုပေါင်း စိမ့်စမ်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူ ကျေးရွာသား များအနေဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တက်ကြွစွာပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း နှင့် စံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး၊  အခြေခံ အဆောက်အအုံ   လိုအပ်ချက်များ၊    စီးပွားရေး လိုအပ်ချက်များ   ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။  

   သတင်းစဉ်