ရာမည​​မြေကို လှမ်းလာခဲ့ပါ 

Type

 

ယဉ်လာဒ်

ရာမညမြေလို့ခေါ်တဲ့ မွန်ပြည်နယ်ဟာ ရန်ကုန်ကနေ နေ့ချင်းပြန်  သွားရောက်လည်ပတ်နိုင်တဲ့  ပြည်နယ် တစ်ခု ဖြစ်ပါတယ်။
မွန်ပြည်နယ်မှာ ပြည်တွင်း  ပြည်ပခရီးသွား ဧည့်သည်တွေ   သွားလာလည်ပတ်နိုင်တဲ့   ခရီးစဉ် ဒေသ များစွာရှိတာမို့ ရွေးချယ်ပြီးလည်ပတ်နိုင်ရန် ဖော်ပြပေးလိုက်ပါတယ်။ မွန်ပြည်နယ်ရဲ့  ၁၀ မြို့နယ် ထဲမှာ   ခရီးသွားတွေ   သွားရောက်လည်ပတ်နိုင်တဲ့ ခရီးစဉ်ဒေသတွေကတော့     တော်တော်လေးကို များပြားလှပါတယ်။ 
မွန်ပြည်နယ်ရဲ့ အထင်ကရနေရာတွေ
မွန်ပြည်နယ်မှာ        လေ့လာစရာတွေသာမက လည်ပတ်စရာတွေလည်း တကယ့်ကို များပြားလှပါ တယ်။       ဒီထဲကနေ       အထင်ကရတွေအဖြစ် လေးမျက်နှာဘုရား၊          လျောင်းတော်မူဘုရား၊   ဓမင်းဆိပ်ကျေးရွာ စိမ့်စမ်းသီတာအပန်းဖြေစခန်း၊ ဇီးဖြူသောင်   ဘုရားတောင်ကမ်းခြေ၊   ကျိုက်ခမီ ရေလယ်ဘုရား၊   စက်စဲကမ်းခြေ၊   သေမင်းတမံ မီးရထားပြတိုက်၊ သေမင်းတမံ မီးရထားလမ်း၊ သံဖြူ ဇရပ်မြို့နယ် ဓနသဟာယစစ်သင်္ချိုင်း၊  ပင ဆား လုပ်ငန်းခွင်၊ ဘင်လှိုင်ရွှေဆံတော်  စေတီတော်မြတ် ကြီး၊    ဝင်းစိန်တောရ          လျောင်းတော်မူဘုရားကြီးနှင့် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၊ ကျောက်တလုံးတောင်၊ ဝင်းစိန်တောရ အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီး၊   မုဒုံကန်ကြီးဘုရား၊   ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရား၊ ဖားပေါင်ဂူ၊ ခရုံဂူ၊ ကျိုက်မရော မြို့အဝင်လမ်း၊   ကော့စပ်ကျေးရွာ   ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်၊ မော်လမြိုင်သံလွင်တံတား ညမီး ရောင်စုံရှုခင်း၊ ကျိုက်သလ္လံစေတီတော်၊   မွန်သူဌေး ကြီး ဦးနာအောက်၏ ကျောင်း၊ မုဒွန်းကျောင်းရွာရှိ ကျောက်သင်ပုန်းလုပ်ငန်း၊ ဝင်ဂလုံ ဆုတောင်းပြည့် စေတီ၊ ရွာလွတ်ကျေးရွာရှိ ဆေးတံနှင့်  လက်မှုပစ္စည်း လုပ်ငန်း၊ ဘီးလင်းမြို့နယ်ရှိ ကျိုက်ထီးဆောင်းစေတီ၊ မဲလံဆံတော်စေတီ၊ ပေါင်မြို့နယ်ရှိ နွားလပို့တောင်၊ ဗန္ဒိသေလာစေတီ၊    သထုံမြို့ရှိ   ရွှေစာရံစေတီနဲ့  အလံတရာစေတီ၊ ဘီးလင်းမြို့နယ်ရှိ   ကျောက်ပိ ဘုရား၊   ဆံတော်ရှင်ကျိုက်ထီးရိုး   စေတီတော်၊ ဇင်းကျိုက်ရေတံခွန်၊ မဟာဗောဓိစေတီတော်၊ ပေါင် မြို့နယ်ရှိ ကမ္ဘာကျော်ဆောင်းခိုငှက်များ  ကျက်စားရာ ဒေသ၊ မဟာကန်တော်ကြီးနဲ့  ဇင်းကျိုက်တောင်တန်း အလှ၊    ရေးမြို့နယ်ရှိ    ကဗျာဝကမ်းခြေတို့လည်း ရှိပါတယ်။
ဒီလို ခရီးစဉ်ဒေသတွေများစွာ တည်ရှိနေတာက မွန်ပြည်နယ်ရဲ့  အားသာချက်တစ်ခုလို့     ဆိုနိုင်ပါ တယ်။ ပြည်တွင်း ခရီးသွားတွေ စိတ်ကြိုက်ရွေးချယ် သွားရောက်လည်ပတ်နိုင်ပါတယ်။ 
မွန်ပြည်နယ်ရဲ့ ပထဝီအနေအထားကို ကြည့်မယ် ဆိုရင်  မွန်ပြည်နယ်ဟာ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့နဲ့ ထိစပ်နေတာဖြစ်ပါတယ်။   ဒီလိုထိစပ်နေတဲ့   ပြည်နယ်နဲ့   တိုင်းသုံးခုရှိတဲ့ အပြင်   ပြည်ပထွက်ပေါက်အနေနဲ့ ထိုင်းနိုင်ငံနဲ့လည်း ချိတ်ဆက်နိုင်တာက  မွန်ပြည်နယ်ရဲ့   အားသာချက် တစ်ခုလို့ ဆိုရပါလိမ့်မယ်။
ပြည်တွင်းခရီးသွားအများစု လည်ပတ်ကြတဲ့နေရာတွေ
ပြည်တွင်းခရီးသွားအများစု  စိတ်ဝင်တစားနဲ့ သွားလာလည်ပတ်ကြတာကတော့    ကျိုက်ထီးရိုး စေတီတော်၊   ကျိုက်ခမီရေလယ်ဘုရား၊    စက်စဲ ကမ်းခြေ၊ သေမင်းတမံ မီးရထားပြတိုက်နဲ့ မီးရထား လမ်း၊   ဓနသဟာယ စစ်သင်္ချိုင်း၊   ဝင်းစိန်တောရ လျောင်းတော်မူဘုရားကြီး၊  ရှင်ဥပဂုတ္တမထေရ်မြတ် ကြီး၊    ကျောက်တလုံးတောင်၊   ဝင်းစိန်တောရ အတောင်   ၄၀၀  ပြည့်   လျောင်းတော်မူဘုရားကြီး၊  ဇင်းကျိုက်ရေတံခွန်၊ ကဗျာဝကမ်းခြေတို့ကို  အများစု သွားရောက်ကြပါတယ်။ 
သံဖြူဇရပ်မှာရှိတဲ့ စက်စဲကမ်းခြေဆိုရင် နာမည် ကြီးလှပါတယ်။   ဒါ့အပြင်   ချောင်းဆုံမြို့နယ်မှာ ခရီးသွားလုပ်ငန်းအတွက်    ဆွဲဆောင်မှုရှိတဲ့  ရိုးရာ လုပ်ငန်းတွေကို ကိုလိုနီခေတ်ကတည်းက လုပ်ကိုင် ခဲ့ကြပြီး   ဆေးတံလုပ်ငန်းတွေ၊   ကျောက်သင်ပုန်း လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြတဲ့ရွာတွေ ဖြစ်ပါ တယ်။   အခုဆိုရင်   ပြည်တွင်းခရီးသွားတချို့က တကူးတက သွားရောက်လည်ပတ်နေကြပါတယ်။ 
မွန်ပြည်နယ်အတွင်းမှာ    အထက်ပါအတိုင်း သဘာဝကပေးထားတဲ့ အလှတရားတွေ များစွာရှိတာ မို့ ရာမညမြေ မွန်တို့ဌာနေဆီသို့ သွားရောက်လည်ပတ် ကြဖို့ ရေးသားဖော်ပြလိုက်ရပါတယ်။    ။