Quarantine Center များတွင်ထားရှိသည့် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   မတ်  ၁၄
နိုင်ငံတော်         စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး      မင်းအောင်လှိုင်၏   လမ်းညွှန်         မှာကြားချက်အရ   တပ်မတော် (ရေ) မှ စစ်ရေယာဉ် များဖြင့် သွားရောက်ခေါ်ဆောင် ခဲ့သည့် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်း မှ  ပြန်လည်ရောက်ရှိလာသည့်    မြန်မာနိုင်ငံသား     ရေလုပ်သား ၇၀  ကို     ရန်ကုန်တိုင်းဒေသကြီး    တောင်ဥက္ကလာပ       မြို့နယ်     နယ်မြေခံတပ်ရင်းရှိ     ကိုဗစ်-၁၉ ရောဂါ      သီးသန့်စောင့်ကြည့်ရ မည့်သူများထားရှိသည့် Quaran-tine  Center ၌ ထားရှိပြီး လိုအပ် သည့်     ဆေးဝါးကုသပေးမှုများ   ဆက်လက်ဆောင်ရွက်ပေးလျက် ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးရာ  တွင် နေရပ်ပြန်မြန်မာနိုင်ငံသား များအား တပ်မတော်သား   ပါရဂူ များ၊ ဆရာဝန်များက   အထွေထွေ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး        ၎င်းတို့ ကောင်းမွန်စွာ နေထိုင်စားသောက် ရေးများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် Quarantine  ထားရှိပြီးပါက ၎င်းတို့၏     နေရပ်အသီးသီးသို့    ပြန်လည်ပို့ဆောင်နိုင်ရေး လိုအပ် သည်များ ဆက်လက်ကူညီဆောင် ရွက်ပေးသွားမည်    ဖြစ်ကြောင်း သတင်းရရှိသည်။    
    သတင်းစဉ်