ပူတာအိုသို့ ရေခဲတောင်တက်ရန်လာရောက်ကြသော ခရီးသည်များအတွက် ရသည့်အချိန်နှင့် လိုက်လျောညီထွေစေမည့် ခရီးစဉ် ရက်အပိုင်းအခြားကို စီစဉ်ပေးနေ

 

ရန်ကုန်  ဇန်နဝါရီ  ၂၀
မြန်မာနိုင်ငံ၏   ရေခဲတောင်များရှိရာ  ကချင် ပြည်နယ်   ပူတာအိုဒေသသို့   လာရောက် လည်ပတ်ကြသော ခရီးသည်များ  အဆင်ပြေ စေရန်အတွက်   ရသည့်အချိန်နှင့်    လိုက်လျော ညီထွေဖြစ်စေမည့် ခရီးစဉ်ရက်အပိုင်းအခြား ကို  စီစဉ်ပေးနေကြောင်း   ပူတာအိုမှ   ရေခဲ တောင်တက်ခရီးစဉ်များအပါအဝင်   အခြား ခရီးစဉ်များကို စီစဉ်ပေးနေသူ ကိုမိုးမင်းသိန်း (ပူတာအို)က ပြောသည်။
ခရီးသွားတွေ စိတ်ဝင်စား
“ပူတာအိုကျတော့  လေ‌ကြောင်းလိုင်းပဲ အားကိုးနေရတာပါ။ အခုဆိုရင်  လေကြောင်း ခရီးစဉ်အနေနဲ့  ရန်ကုန်ကနေဆိုလည်း စနေ တစ်ရက်ပဲ  ဆွဲပေးတာ။  ရန်ကုန် - မန္တလေး- မြစ်ကြီးနား  -  ပူတာအိုက    တစ်ပတ်မှာ တစ်ရက်ပဲရှိတာ။ နောက်တစ်ကြောင်းကတော့ ဗုဒ္ဓဟူးနေ့က မန္တလေးကနေလာတာ။ ပူတာအို ကို     လာရောက်လည်ပတ်တဲ့ထဲမှာဆိုရင် ရန်ကုန်ကနေလာတဲ့သူများတော့ လေကြောင်း အခက်အခဲတွေရှိတော့ ခရီးသွားတွေ စိတ်ဝင် စားမှုရှိပေမယ့် ထင်သလောက်မရတဲ့အခြေ အနေရှိပါတယ်”ဟုဆိုသည်။
ရေခဲတောင်တက်ခရီးစဉ်
ထို့ကြောင့် လက်ရှိတွင် လာရောက်လည်ပတ် သူများသွားလာ‌‌ရေး အဆင်ပြေစေရန်အတွက် ခရီးသည်များကို    လေယာဉ်ထွက်မည့်ရက် အမီ    ရေခဲတောင်တက်ခရီးစဉ်ကို    စီစဉ် ဆောင်ရွက်ပေးနေရကြောင်း    ၎င်းက   ပြော ကြားသည်။
တစ်ပတ်အတွင်း အဆင်ပြေအောင် စီစဉ်
“အခုချိန်မှာ  ကျွန်တော်တို့က  လေ‌ယာဉ် ထွက်မယ့်ရက်နဲ့ အဆင်ပြေအောင် ခရီးစဉ်ကို စီစဉ်ပေးရတယ်။   လာတဲ့   ဧည့်သည်တွေက စနေရောက်ရင်   တနင်္ဂနွေကို   ပူတာအိုကနေ စပြီး     တောင်တက်ထွက်တယ်။      ပြီးရင် သောကြာနေ့ ပူတာအိုကို ပြန်အရောက်၊ စနေ နေ့ လေယာဉ်အမီ ဆောင်ရွက်ပေး‌နေရတယ်။ တစ်ရက်နောက်ကျသွားရင်     ‌ခရီးသည်တွေ အနေနဲ့   နောက်အပတ်စနေနေ့လေ‌ကြောင်း ခရီးစဉ်ကို စောင့်ရမှာဆိုတော့ အဆင်မပြေဘူး လေ။  ဒါကြောင့်  တစ်ပတ်အတွင်း  အဆင်ပြေ အောင် ဆောင်ရွက်ပေးနေပါတယ်”ဟု ကိုမိုး မင်းသိန်း(ပူတာအို)က ဆိုသည်။
လေကြောင်းခရီးစဉ် ခက်ခဲ
ပူတာအို     ရေခဲတောင်တက်ခရီးစဉ်သို့ လာရောက်ပတ်လည်ရန် ဆက်သွယ်မေးမြန်း မှု      များပြားကာ     စိတ်ဝင်စားမှုရှိလည်း လေကြောင်းခရီးစဉ်အခက်အခဲအချို့ကြောင့် ခရီးသွားအသင့်အတင့်သာ ရှိနေသေးကြောင်း လည်း ၎င်းက ပြောကြားသည်။             MT