
ပူတာအို နိုဝင်ဘာ ၂
၂၀၂၂- ၂၀၂၃ခုနှစ် ကချင်ပြည်နယ် ပူတာအို ခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ် ၁၀ ဧက စိုက်ခင်း ကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက်က ပူတာအိုမြို့ ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်ကြား မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်- ပူတာအိုလမ်းမကြီးဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင်လယ်၌ ကျင်းပသည်။၊
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက မိရိုးဖလာ စိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် ထုတ်လုပ်ပြီး ပူတာအိုခရိုင်ဒေသ ဝမ်းစာဖူလုံရေးအတွက် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးမြင့်ထွေး က ဒေသဝမ်းစာဖူလုံရေးအတွက် အထွက်နှုန်း ကောင်း ဆင်းဧကရီ-၃ မျိုးသန့်မျိုး စေ့ထုတ် လုပ်ခြင်းကို ဌာနမှ ဆောင်ရွက်သကဲ့သို့ တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ မျိုးသန့် မျိုးစပါးထုတ်လုပ်ခြင်းများကိုလည်း မြို့နယ် အလိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူ များနှင့်အကျိုးတူ မျိုးသန့်မျိုးစပါးများကိုတောင်သူအချင်းချင်း ပြန်လည်မျိုးဖြန့်ဖြူး ခြင်းအားဖြင့် ဆင်းဧကရီ- ၃ မျိုးစပါး စိုက်ဧက ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနဦးစီးမှူးဦးစိုးသိန်းက ရိတ်သိမ်းခြွေလှေ့ စက်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အခမ်းအနားတက်ရောက်လာ သည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများ၊ တောင်သူများ က ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ကွင်းသရုပ်ပြသ နေမှုကို ကြည့်ရှုအားပေးကြသည်။
ဖုန်ကန်(ပူတာအို)