ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ကျေးရွာတွင် အဆောက်အအုံ ၆၃ လုံး မီးကူးစက် လောင်ကျွမ်းခဲ့ပြီး လူဦးရေ ၃၀၃ ဦးခန့် မီးဘေးသင့်

 

ပူတာအို   နိုဝင်ဘာ  ၇


ကချင်ပြည်နယ်    ခေါင်လန်ဖူး မြို့နယ်    ဇီးထန်ကျေးရွာအုပ်စု ရှိန်းခေါင်ကျေးရွာတွင်   ယနေ့ နံနက်ပိုင်း ၁၂ နာရီ  ၄၅ မိနစ်ခန့်က မီးလောင်မှု   စတင်ဖြစ်ပွားခဲ့ရာ  ဘာသာရေး အဆောက်အအုံနှင့်  လူနေအိမ်  အဆောက်အအုံများ    မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ထိုသို့     မီးလောင်မှုကြောင့်  ဘာသာရေး    အဆောက်အအုံ   ဘုရားကျောင်း  တစ်လုံး၊ ဓမ္မဆရာ နေအိမ် တစ်လုံး၊  ကျောင်းဆရာ ဆရာမ  နေအိမ်နှစ်လုံးနှင့် အခြား လူနေအိမ် ၅၉ လုံး  စုစုပေါင်း ၆၃ လုံး မီးကူးစက်လောင်ပြီး လူဦးရေ အမျိုးသား ၁၄၉ဦး၊ အမျိုးသမီး ၁၅၄ ဦးစုစုပေါင်း ၃၀၃ ဦး   မီးဘေး သင့်ခဲ့သည်။


မီးလောင်မှုကြောင့် အဆောက် အအုံ  ခန့်မှန်းဆုံးရှုံးမှု   တန်ဖိုး ၂၃၄၅ သိန်းခန့်နှင့်  နေအိမ်များ တွင်  ရောင်းချရန် သိုလှောင်ထားရှိ သည့် ဒေသထွက်ရှာကောပါကောပိဿာချိန်ပေါင်း ၃၅၉၀၂၆ ပိဿာ ခန့်   မီးလောင်ဆုံးရှုံးခဲ့ပြီး   လူ ထိခိုက်သေဆုံးမှု        မရှိကြောင်း သိရသည်။


မီးလောင်ရာသို့      နယ်မြေခံ တပ်ဖွဲ့ဝင်များ၊   ဌာနေပြည် သူ့စစ် (ရှိန်းခေါင်)မှ         တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ     ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၄ နာရီ ၅၅မိနစ်ခန့်တွင် မီးငြှိမ်းသွား ခဲ့ပြီး     မီးဘေးသင့်သူများအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့ပိုင် ရဲမေ လိုင်းခန်း၊ ဆေးပေးခန်းနှင့်ဘုရားကျောင်းတို့တွင်   ယာယီနေရာချ ထားပေးကာ   စားသောက်ရေး အတွက် ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေး လျက်ရှိကြောင်းနှင့်  ခေါင်လန်ဖူး မြို့နယ်မှလည်း       မီးဘေးသင့်သူ များအား  ထောက်ပံ့နိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။ 


အဆိုပါ မီးစတင်လောင်ကျွမ်း ခဲ့သည့် နေအိမ်ပိုင်ရှင် ဒေါ်ရီလီနာ အား ခေါင်လန်ဖူးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။      

  
ခရိုင်(ပြန်/ဆက်)