ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တစ်ရပ်ဖော်ဆောင်ရန် ဂျပန်နှင့် ဂျာမနီ ကာကွယ်ရေးဝန်ကြီးများ သဘောတူ

 

တိုကျို   မတ်   ၁၈


ဂျပန်နှင့်  ဂျာမနီ  ကာကွယ်ရေးဝန်ကြီးများသည် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်နှင့် ဂျာမနီစစ်တပ် တို့အကြား   ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဥပဒေမူဘောင်တစ်ရပ်ကို  ရှာဖွေရန်  သဘောတူ ခဲ့ကြကြောင်း သိရသည်။ 


ဂျပန်ကာကွယ်ရေးဝန်ကြီး         ဟာမာဒါ ယာဆုကာဇူသည်    အလည်အပတ်  ရောက်ရှိနေ သော  ဂျာမန်ကာကွယ်ရေးဝန်ကြီး  ဘောရစ်ပစ္စ တိုးရီးယပ်စ်နှင့် မတ် ၁၇ ရက်က တိုကျိုတွင် မိနစ် ၃၀   ကြာ  တွေ့ဆုံခဲ့ကြသည်။ ပစ္စတိုးရီးယပ်စ်ကို လက်ခံကြိုဆိုပြီးနောက်   ဟာမာဒါက   ဂျာမနီ ကာကွယ်ရေးဝန်ကြီးသည်           ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည်မှာ     နှစ်ပေါင်း  ၁၆ နှစ်တွင်း    ပထမဆုံးအကြိမ်ဖြစ်ကြောင်း   ပြော သည်။ 


အင်ဒို  -  ပစိဖိတ်ဒေသ    ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် မှုအပေါ် ဂျာမနီနိုင်ငံ၏ စိတ်ပိုင်းဖြတ်ထားမှုကို ဟာမာဒါက လေးလေးနက်နက် ချီးကျူးခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံ ဝန်ကြီးများသည် အင်ဒို-ပစိဖိတ် ဒေသသို့ ဂျာမန်စစ်တပ်၏ အနာဂတ်တပ်ဖြန့်ကြက် မှုများကို အကောင်အထည်ဖော်ရန်အပြင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို     အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားရန်လည်း သဘောတူခဲ့ကြကြောင်း သိရသည်။ 


ယင်းအပြင် ACSA အရ ပူးပေါင်းဆောင်ရွက်မှု လွယ်ကူချောမွေ့စေရေးအတွက် ဥပဒေမူဘောင် တစ်ရပ်ကို ရှာဖွေရန်လည်း သဘောတူခဲ့ကြခြင်း ဖြစ်သည်။  အဆိုပါ  သဘောတူညီမှုတွင်   ဂျပန် ကိုယ်ပိုင်ကာကွယ်ရေးတပ်နှင့်  ဂျာမန်စစ်တပ်တို့ အကြား   အစားအသောက်၊  စက်သုံးဆီအပြင် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင် မှုများကဲ့သို့   ထောက်ပံ့မှုများကို   အပြန်အလှန် ပံ့ပိုးပေးနိုင်ရန် ခွင့်ပြုထားသည်။    

                         
အင်န်အိတ်ချ်ကေ၏