
နေပြည်တော် ဒီဇင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောဘုရား အတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံရရှိထားသည့် ငွေကျပ် သိန်း ၆၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေ အဖြစ် သိမ်းယူခဲ့ကြောင်းနှင့် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင် ကျေးရွာအုပ်စုရှိ မော်တင်စွန်းစေတီတော်မြတ်ရင်ပြင် တော် တိုးချဲ့ရန်ကောက်ခံရရှိထားသည့် အမေရိကန် ဒေါ်လာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် လဲလှယ်ခဲ့ကြောင်း တရားမဝင် အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလ သတင်းတု၊ သတင်းမှားများ မဟုတ် မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ စေတီတော်ကြီးများအတွက် လှူဒါန်းထားသည့် အလှူတော်ငွေများအား မည်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများမှ သိမ်းဆည်းယူဆောင် ထားခြင်းမရှိဘဲ သက်ဆိုင်ရာ ဂေါပကအဖွဲ့များထံတွင် သာ စနစ်တကျ ထိန်းသိမ်းထားရှိကြောင်းနှင့် အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာ များသည် ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများကို လုပ်ကြံရေးသားခြင်းသာဖြစ်ပြီး ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှု ကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှား များ၊ လုပ်ကြံသတင်းများကို နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ သွေးထိုး လှုံ့ဆော်ကာ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။ သတင်းစဉ်