
နေပြည်တော် ဖေဖော်ဝါရီ ၁၆
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်း ဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက် မှ စတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ကြိုဆိုထောက်ခံ
အဆိုပါ ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပွဲများ ကို ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ ကမ်းနား လမ်း ရှုခင်းသာရင်ပြင်၌ လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ မြို့နယ်အားကစား ကွင်း၌လည်းကောင်း ပြုလုပ်ကြ သည်။
အောင်မြင်စွာရုပ်သိမ်းခဲ့
ဦးစွာ သက်ဆိုင်ရာမြို့နယ် များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက သတ်မှတ် နေရာ အသီးသီး၌ စုဝေးကြပြီး ကျင်းပမည့် နေရာအသီးသီးသို့ ချီတက် ထောက်ခံကြသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ် ပြည်သူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်း ဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အပြည့်အဝထောက်ခံ ကြိုဆိုပါသည်။ နိုင်ငံတော်ကို ကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှု ထမ်းဆောင်ကြပါစို့၊ နိုင်ငံတော် ကို ပြည်တွင်း/ ပြည်ပအန္တရာယ် များက ကာကွယ်ဖို့ စစ်မှု ထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက် ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေး ကြော်သံများကို သံပြိုင်ကြွေး ကြော်ခဲ့ကြပြီး သတ်မှတ်နေရာ အသီးသီးတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါ သည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော် ဟောပြောခဲ့ပြီး ကြိုဆိုထောက်ခံ ပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်