ပုသိမ်မြို့၌ (၉၅)ကြိမ်မြောက် မြတ်စွာဘုရားရှင်နှင့် ရဟန္တာ ၅၀၀ တို့အား ၅၀၁ ဆူ စတုမဓူ ဆေးဆွမ်းတော် ကပ်လှူပူဇော်ပွဲပြုလုပ်

 

နေပြည်တော်   ဇန်နဝါရီ   ၁၆

 


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၌ (၉၅) ကြိမ်မြောက်   မြတ်စွာ ဘုရားရှင်နှင့်   ရဟန္တာ ၅၀၀  တို့ အား ၅၀၁ ဆူ စတုမဓူ ဆေးဆွမ်း တော် ကပ်လှူပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရွှေမုဋ္ဌောမဟာ စေတီတော်မြတ်ကြီး၌ပြုလုပ်ရာ  ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင် သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဿုတ အမှူး ပြုသော   သံဃာတော်များ ကြွ ရောက်တော်မူကြပြီး  တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ     တက်ရောက်ကြ သည်။

 


ဦးစွာ ဩဝါဒဆရာတော်ကြီး များက စေတီတော်ကြီး၏ ရာဟု ထောင့် ဇေတဝန်စံကျောင်းရှေ့၌ ဗုဒ္ဓါဘိသေက   အနေကဇာတင်  ဆင်ယင်ကျင်းပသည်။ ထို့နောက် (၉၅) ကြိမ်မြောက် မြတ်စွာဘုရား ရှင်နှင့် ရဟန္တာ ၅၀၀ တို့အား  ၅၀၁ ဆူ    စတုမဓူ   ဆေးဆွမ်းတော် ကပ်လှူပူဇော်ပွဲကို    စေတီတော် ကြီး၏   ဦးမောင်ကြီး   အာရုံခံ တန်ဆောင်း၌ပြုလုပ်ရာ       တက် ရောက်လာကြသူများက ပုသိမ် မြို့   နိဂြောဓါရုံ   ညောင်ပင်သာ ပရိယတ္တိစာသင်တိုက်     ပဓာန နာယကဆရာတော်ထံမှ  ရှစ်ပါး သီလ  ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော် များ နာယူကြသည်။

 


ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းမှူးနှင့်  တက် ရောက်လာကြသူများက   ဆရာ တော်၊            သံဃာတော်များအား စတုမဓူဆေးတော်များနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြပြီး ပုသိမ်မြို့ မောင်းထောင် ကျောင်း   ပရိယတ္တိစာသင်တိုက် ဆရာတော် တိုင်းဒေသကြီးသံဃ နာယကအဖွဲ့ဥက္ကဋ္ဌ   (ရွှေကျင်) အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပညာဓိကထံမှ အနုမောဒနာတရား နာကြားကာ ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း      သတင်း ရရှိသည်။                

သတင်းစဉ်