ပုသိမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးနေ့ ကျင်းပ

 

နေပြည်တော်   မေ   ၂၉

 

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တိုင်း ဒေသကြီးအဆင့် ကျောင်းအပ်နှံ ရေးနေ့ကို  ယနေ့တွင်   ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ရှိ အမှတ် (၁)အခြေခံပညာ   အထက်တန်း ကျောင်း၌ ပြုလုပ်ရာ  တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူး၊    ဆရာအတတ် ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါ်နှင်းကြည်နှင့်  တာဝန် ရှိသူများက  ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တိုင်းဒေသ ကြီးအဆင့်   ကျောင်းအပ်နှံရေး ဆိုင်းဘုတ်ကို    စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။       ထို့နောက် ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း”    သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး   တိုင်းဒေသ ကြီးဝန်ကြီးချုပ်က   အဖွင့်အမှာ စကားပြောကြားကာ       ဆရာ အတတ်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းမှူး၊   ဆရာ အတတ်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား   ကျောင်းသူများ အတွက်     ကိုဗစ်-၁၉  ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊    ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူများက    လက်ခံရယူ ကြသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည်      ခန်းမအတွင်း ခင်းကျင်းပြသထားသည့်   တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခု မှ ကျောင်းအပ်နှံရေးဆောင်ရွက်မှုမှတ်တမ်းများကို       လိုက်လံ ကြည့်ရှုခဲ့ကြောင်း         သတင်းရရှိ သည်။                      

 သတင်းစဉ်