
နေပြည်တော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မောင်းထောင်ကျောင်း ပရိယတ္တိ စာသင်တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ သာသနဓဇဓမ္မာစရိယ ဒီဃ ဘာဏက ဘဒ္ဒန္တ မာနိတာလင်္ကာရ သက်တော်(၇၁)နှစ် သိက္ခာတော် (၅၁)ဝါ၏ အန္တိမအဂ္ဂိ ဈာပနသဘင် ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စာသင်တိုက်၌ ပြုလုပ်ရာ ပုသိမ် မြို့ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော် မူကြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူ များက ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင် တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပုသိမ်မြို့ မြောင်းမြကျောင်းပရိယတ္တိစာသင် တိုက် တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ ရတနာဘိဝံသက မောင်းထောင်ကျောင်း ပရိယတ္တိ စာသင်တိုက်၏ ထေရုပ္ပတ္တိ အကျဉ်းအား ဖတ်ကြားပူဇော် ခဲ့ပြီး တက်ရောက်လာကြသူများ က ပုသိမ်မြို့ တိုက်ကြီးကျောင်း တိုက်ဆရာတော်ထံမှ မရဏာ နုဿတိဓမ္မသံဝေဂဒေသနာတော် ကို နာကြား၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်