
နေပြည်တော် ဩဂုတ် ၄
ကိုဗစ်-၁၉ အတည်ပြုလူနာ များ လက်ခံကုသနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေး နည်းပညာတက္ကသိုလ်၌ (ခုတင်- ၁၀၀၀) ဆံ့ ရန်ကင်း ကိုဗစ်-၁၉ ကုသရေးစင်တာ- မန္တလေးကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ (ခုတင်-၁၀၀၀) ဆံ့ ရန်ကင်း ကိုဗစ်-၁၉ ကုသရေးစင်တာ- မန္တလေး တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ကျန်းမာရေးဝန်ထမ်း များ၊ Volunteer များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တာဝန် ရှိသူများက (ခုတင်-၁၀၀၀)ဆံ့ ရန်ကင်း ကိုဗစ်-၁၉ ကုသရေး စင်တာ-မန္တလေး ကမ္ပည်း ဆိုင်းဘုတ်ကို အမွှေးနံ့သာရည် များ ပက်ဖျန်းပြီး ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ဆေးရုံအတွင်းရှိ လူနာများ စတင်လက်ခံကုသနိုင် ရေး ပြင်ဆင်ဆောင်ရွက်ထားရှိ မှု၊ CCTV CONTROL ROOM ဆောင်ရွက်ထားမှု၊ လူနာများ နှင့် အထောက်အကူပြုအဖွဲ့များ အားလုံးအတွက် လိုအပ်သည်များ ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင် လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်းသွယ်တန်း ထားရှိမှုများကို လှည့်လည်ကြည့်ရှု ၍ (ဝဲပုံ)လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်