ပုဏ္ဏားကျွန်းစက်မှုဇုန် တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်းသို့ သောက်သုံးရေများလှူဒါန်း

 

ပုဏ္ဏာကျွန်း  မတ်  ၂


ရခိုင်ပြည်နယ်    ပုဏ္ဏားကျွန်းမြို့ နယ်ရှိ    သောက်သုံးရေ    အခက် အခဲကြုံတွေ့နေရသော  စက်မှုဇုန် တိုက်ပွဲရှောင်     ကယ်ဆယ်ရေး စခန်းသို့   ဖေဖော်ဝါရီ ၂၈ ရက် တွင်    မြို့နယ်မီးသတ်ဦးစီးဌာနက သောက်သုံးရေဂါလန်      ၃၂၀၀   သွားရောက်လှူဒါန်းသည်။ 
မြို့နယ်   မီးသတ်ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ  ဦးဇော်သန်းထွန်း ဦးဆောင်သော     တပ်ဖွဲ့ဝင်များ စုပေါင်း၍ သောက်သုံးရေ အခက် အခဲကြုံတွေ့နေရသော ကျေးရွာ များသို့  နေ့စဉ်  ရေဂါလန် ၃၂၀၀ စီ သွားရောက်လှူဒါန်းပေးလျက် ရှိရာ ဖေဖော်ဝါရီ  ၂၈  ရက်က  စက်မှုဇုန်တိုက်ပွဲရှောင်    ကယ် ဆယ်ရေးစခန်းသို့  သောက်သုံးရေ ဂါလန်   ၃၂၀၀   ကို  သွားရောက် လှူဒါန်းခြင်းဖြစ်သည်။ 
အဆိုပါ     စက်မှုဇုန်တိုက်ပွဲ ရှောင် ကယ်ဆယ်ရေးစခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်  ကျေးရွာ၊ သာစည်ကျေးရွာ၊  ပိန္နဲ တောကျေးရွာနှင့်     ပလက်ဝမြို့ နယ်   နှမဒါကျေးရွာများမှ  တိုက်ပွဲ ရှောင်အိမ်ထောင်စု ၁၈၆ စု၊ လူဦး ရေ  ၆၈၅  ဦး   လာရောက်ခိုလှုံ လျက်ရှိကြောင်း     တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း   တာဝန်ခံထံ မှ သိရသည်။ 

နီထွန်းအောင်(ပြန်/ဆက်)