
နေပြည်တော် မတ် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ ဘိုးဝဇီရခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန၏ (၅၂) နှစ်တာ ဖြတ်သန်း ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ပူးပေါင်းဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း က မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်း ချက်များဖြစ်သည့် ပြည်သူလူထု ကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေး ရန်ဆိုသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မြန်မာစာပေဖွံ့ဖြိုးရေးလုပ်ငန်းလည်း အပါ အဝင်ဖြစ်ပါကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်မှ ဌာနခွဲတစ်ခုဖြစ်သည့် စာပေ ဗိမာန်သည် မြန်မာစာပေဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ပြည်သူ များ ဗဟုသုတရရှိစေမည့် စာအုပ် စာပေများ ထုတ်ဝေခြင်း၊ စာတမ်း ဖတ်ပွဲများ ကျင်းပခြင်း၊ စာပေ စကားဝိုင်းများ၊ စာပေဆွေးနွေးပွဲ များကျင်းပခြင်းနှင့်အတူ အမျိုးသား စာပေတစ်သက်တာ ဆုများ၊ အမျိုးသားစာပေဆုများ ချီးမြှင့် ခြင်းလုပ်ငန်းကို ခေတ်အဆက် ဆက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပုဂ္ဂလိကစာပေဆုတစ်ခု ဖြစ်သည့် ပခုက္ကူစာပေဆု ချီးမြှင့် ရာတွင်လည်း ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ပူးပေါင်းဆောင် ရွက်ပေးလျက်ရှိသည်ကို တွေ့မြင် ရပါကြောင်း၊ မြန်မာစာပေဖွံ့ဖြိုး တိုးတက်ရေးအတွက် အင်အား ကြီးမားသည့် အထောက်အကူပြုမှု များပင် ဖြစ်ပါကြောင်း။
ထို့အပြင် မြန်မာစာပေအကျိုး ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးခဲ့ကြသည့်၊ ဖြည့် ဆည်းပေးနေကြသည့် စာပေ ပညာရှင်များကို ထိုက်တန်သည့် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်နိုင်ရေး အတွက် စာပေပညာရှင်များ ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းကိုလည်း ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ဆောင် ရွက်ပေးနေသည်ကို တွေ့ရပါ ကြောင်း၊ နိုင်ငံတော်၏ တာဝန် ကြီးတစ်ရပ်ကို ဖြည့်ဆည်းပေး သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနသည် ပြည်တွင်းပြည်ပ စာရေးဆရာ၊ သတင်းစာဆရာ အဖွဲ့အစည်းများ၊ ပုံနှိပ်လုပ်ငန်းရှင် များ၊ စာပေထုတ်ဝေဖြန့်ချိရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာစာပေနှင့် စာပေလောက သားများ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့် အနာဂတ်ကာလ၌ စာပေ ပညာရှင်များကို များစွာအကျိုးပြု မည့် “စာဆိုဗိမာန်” ကြီး တစ်ခုကို တည်ဆောက်ပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်တွင် ထားရှိဆောင်ရွက်သွားရန် မိမိတို့ အားလုံး ဝိုင်းဝန်းကြိုးပမ်းလျက် ရှိပါကြောင်း ပြောကြားသည်။
ပေးအပ်ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနမှ ဝန်ထမ်းများအတွက် ကျပ်သိန်း ၂၁၉၃၀၀၀၀ တန်ဖိုးရှိ ဝတ်စုံများကို ညွှန်ကြားရေးမှူး ချုပ်ထံ ထောက်ပံ့ပေးအပ်ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ၌ ထူးချွန်စွာ အောင်မြင်ခဲ့သော ဝန်ထမ်းသုံးဦး အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့် သင်တန်းများ တွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသုံးဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက အခြားဝန်ကြီးဌာနများတွင် ဖွင့်လှစ် ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းငါးဦးအား လည်းကောင်း၊ ဝန်ကြီးဌာနအတွင်းနှင့် ဌာနတွင်း ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းလေးဦးအား လည်း ကောင်း၊ ဌာနတွင်း ဖွင့်လှစ်ခဲ့သည့် ပုံနှိပ်ပညာ သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ဝန်ထမ်းလေးဦးအား လည်း ကောင်း ၊ ဖိုတိုလစ်သိုပုံနှိပ်စက်ရုံရှိ စက်ပြုပြင်ထိန်းသိမ်းမှု အဖွဲ့ (၁) အထူးဆုရရှိသော ဝန်ထမ်းများနှင့် ဂျီတီစီပုံနှိပ်စက်ရုံရှိ စက်ပြုပြင် ထိန်းသိမ်းမှု အဖွဲ့(၂) အထူးဆုရရှိ သည့် ဝန်ထမ်းများအား လည်း ကောင်း၊ (၇၆) နှစ်မြောက် လွတ်လပ် ရေးနေ့ သဝဏ်လွှာကတ်များအား အမှားအယွင်း ကင်းစွာဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦးအား လည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသူများကိုယ်စား စာပေ ဗိမာန်ရုံးမှ စာတည်းမှူး ဒေါ်ဇင်မာ ထွေးက ကျေးဇူးတင်စကားပြော ကြားသည်။
ဆုမဲများဖောက်ပေး
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအား ဆုမဲများ ဖောက်ပေးကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာအကြီး အကဲများသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာ ကို လက်ရည်တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြ သည်။
သတင်းစဉ်