ပုံနှိပ်လုပ်ငန်းများ အရည်အသွေးပြည့်မီအောင် ကြိုးစားဆောင်ရွက်

 

ရန်ကုန်    ဒီဇင်ဘာ   ၁၀


ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး   ဦးရဲတင့် သည် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်တို့နှင့် အတူ    ယမန်နေ့  ညနေပိုင်းက   (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်မြို့ ပြည်လမ်းရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယိုတွင်  ကျင်းပပြုလုပ်သည့်   တူယှဉ်နွှဲပျော်ဂီတပွဲတော်  သီချင်းဆိုပြိုင်ပွဲ၏  ပွဲစဉ် (၁၅)ကို  တက်ရောက်ကြည့်ရှုပြီး  ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး သည်။

 


ယနေ့   နံနက်ပိုင်းတွင်    ဒုတိယဝန်ကြီးသည် သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံတွင် ပုံနှိပ်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်ရုံ မှူးနှင့် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ ပုံနှိပ် လုပ်ငန်းများ  အရည်အသွေးပြည့်မီအောင်  ကြိုးစား ဆောင်ရွက်ရေး၊ သတ်ပုံသတ်ညွှန်းက အစ မမှားယွင်း အောင်  သတ်မှတ်ထားသည့်  လုပ်ထုံးလုပ်နည်းများ နှင့်အညီ  အဆင့်ဆင့်အတည်ပြု  ပုံနှိပ်ရေး၊ လုပ်ငန်း တွင်    အန္တရာယ်မရှိစေရေးနှင့်    လျှပ်စစ်မီးမှအစ မီးဘေးအန္တရာယ်ကာကွယ်ရေးတို့ကို  ဆောင်ရွက် ထားရှိရေးနှင့်      လုပ်ငန်းခွင်အတွင်း       ကိုဗစ်-၁၉     သတ်မှတ်စည်းကမ်းနှင့်အညီ      နေထိုင်တာဝန် ထမ်းဆောင်ရေးတို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။            

သတင်းစဉ်၊ ဓာတ်ပုံ - ဇော်မင်းလတ်