ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏  သဘောတူညီချက်ဖြင့်   ပုံနှိပ်ခြင်းနှင့်  ထုတ်ဝေခြင်းလုပ်ငန်း  နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ်  (၄၈/၂၀၁၄)  ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက်   လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း  နည်းဥပဒေများနှင့်အညီစိစစ်၍  လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။ 


ထိုသို့  ဆောင်ရွက်ပေးလျက်ရှိရာ  (၁၇-၁၀-၂၀၂၃) နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီး ဌာန၊      စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး တွင်  (၃၁-၇-၂၀၂၃)  နေ့မှ  (၂၉-၉-၂၀၂၃)  နေ့ထိ  လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထား လာသည့်  ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ   မဂ္ဂဇင်းတစ်ဦးနှင့်   အထွေထွေ ၁၈  ဦး  ပေါင်း  ၂၀  ဦးကိုလည်းကောင်း၊  သတင်း အေဂျင်စီ   လုပ်ငန်းလျှောက်ထားသူ    တစ်ဦးကို လည်းကောင်း    အသိအမှတ်ပြု     လက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့ အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေခြင်း လုပ်ငန်း ၃၃၄၀ ဦးနှင့် သတင်းအေဂျင်စီလုပ်ငန်း ၄၀၆ ဦး  စုစုပေါင်း  ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း    ၅၄၄၄     ဦးအား  အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန