ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊  အောက်တိုဘာလ  ၁၀  ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်  လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း  အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။ 

 


ထိုသို့   ဆောင်ရွက်ပေးလျက်ရှိရာ  (၂၀-၁၂- ၂၀၂၂) နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီး ဌာန၊    စီမံခန့်ခွဲရေးကော်မတီ   အစည်းအဝေး တွင် (၃၁-၁၀-၂၀၂၂) နေ့မှ (၂-၁၂-၂၀၂၂) နေ့ထိ လုပ်ငန်း အသိအမှတ်ပြုလက်မှတ် လျှောက်ထား လာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ် လျှောက်ထားသူ ဂျာနယ် တစ်ဦး၊ မဂ္ဂဇင်း တစ်ဦး နှင့် အထွေထွေ ၁၅ ဦး ပေါင်း ၁၇ ဦးတို့အား အသိ အမှတ်ပြုလက်မှတ်များ  ထုတ်ပေးရန် ခွင့်ပြုပေး ခဲ့ပါသည်။ 

 


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များ  ပြဋ္ဌာန်းသည့်  (၁၀-၁၀-၂၀၁၄)  နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၈ ဦး၊ ထုတ်ဝေ ခြင်းလုပ်ငန်း  ၃၂၃၃  ဦးနှင့်  သတင်းအေဂျင်စီ လုပ်ငန်း ၃၉၈  ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေ ခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၅၃၂၉ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ ပြီးဖြစ်ပါသည်။       

ပြန်ကြားရေးဝန်ကြီးဌာန