ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ ၏ သဘောတူညီချက်ဖြင့်   ပုံနှိပ်ခြင်းနှင့်   ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ် ပြုလက်မှတ်   လျှောက်ထားလာပါက  ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ (၂-၂-၂၀၂၃) နေ့က ပြုလုပ်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင်  (၅-၁၂-၂၀၂၂)  နေ့မှ   (၂၀-၁-၂၀၂၃)   နေ့အထိ    လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့် ထုတ်ဝေခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ မဂ္ဂဇင်း နှစ်ဦးနှင့် အထွေထွေ  ၁၃ ဦး ပေါင်း ၁၅ ဦးကိုလည်းကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်း လျှောက်ထားသူ တစ်ဦးကိုလည်းကောင်း အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 

 


ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့် (၁၀-၁၀-၂၀၁၄) နေ့မှစ၍ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း  ၁၆၉၈ ဦး၊   ထုတ်ဝေခြင်းလုပ်ငန်း ၃၂၄၈  ဦးနှင့်   သတင်းအေဂျင်စီလုပ်ငန်း     ၃၉၉  ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၅၃၄၅ ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။   
 

ပြန်ကြားရေးဝန်ကြီးဌာန