ပုလဲမြို့နယ် ကံကြီးရွာကို တပ်မတော်က လေကြောင်းမှဗုံးကြဲခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁
စစ်ကိုင်းတိုင်းဒေသကြီး     ပုလဲ မြို့နယ် ကံကြီးရွာကို  ဇန်နဝါရီ ၃၁      ရက်က       တပ်မတော်မှ လေယာဉ်ဖြင့်    ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းကြောင့်    အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး  ၁၅  ဦးခန့်    ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း  သတင်းတု၊ သတင်းမှားများကို    တရားမဝင် ပြည်ဖျက်မီဒီယာ DVB  က  လူမှု ကွန်ရက်တွင် မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ် ရာ တွေ့ရှိရသည်။
PDF   အမည်ခံ    အကြမ်းဖက် သောင်းကျန်းသူများသည် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ များကို အဓိကထား၍ အကြမ်းဖက် လုပ်ရပ်များကို လုပ်ဆောင်လျက် ရှိပြီး  နေအိမ်များကို မီးရှို့ဖျက်ဆီး ခြင်း၊  Drone  များဖြင့် ဗုံးကြဲခြင်း၊ လက်လုပ်ဗုံးသီး၊     လက်လုပ် စိန်ပြောင်းများဖြင့်   ကျေးရွာများ အတွင်း  ပစ်ခတ်ခြင်းများကြောင့် ပြည်သူများသေဆုံးခြင်း၊   ထိခိုက် ဒဏ်ရရှိခြင်းများနှင့်   နေအိမ်များ မီးလောင်ဆုံးရှုံးမှုများ     ဖြစ်ပွား လျက်ရှိသည်။
ယခုဖြစ်စဉ်တွင်လည်း ပုလဲ မြို့နယ် ကံကြီးရွာကို တပ်မတော် မှ      ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း   မရှိ ကြောင်း လုံခြုံရေးဆိုင်ရာ တာဝန် ရှိသူတစ်ဦး၏    ပြောကြားချက် အရသိရှိရပြီး မြေပြင်သတင်းပေးပို့ ချက်အရ    အကြမ်းဖက်လုပ်ရပ် များကို    အားပေးထောက်ခံခြင်း မရှိသည့်    ကံကြီးကျေးရွာကို  PDF      အမည်ခံ          အကြမ်းဖက် သောင်းကျန်းသူများက Drone  များ ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့်သာဖြစ် ပြီး  တရားမဝင်   ပြည်ဖျက်မီဒီယာ များမှ    ပြည်သူများ    အထင်အမြင် လွဲမှားစေရန်     လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ     ဖြစ်ကြောင်း သတင်းရရှိသည်။       သတင်းစဉ်