ပုလဲမြို့ ရွာသစ်ကျေးရွာမှ ဒေသခံပြည်သူ ၂၂ ဦးအား PDF အယောင်ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသားပြီး ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်   မေ   ၂၄
စစ်ကိုင်းတိုင်းဒေသကြီး    ပုလဲ မြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံ ပြည်သူ ၂၂ ဦး အား PDF အယောင် ဆောင်ထားသည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များက  မေ ၂၂ ရက်  နံနက် ၉ နာရီ ခွဲခန့်တွင် ဝင်ရောက်ဖမ်းဆီး သွားကြောင်း တရားမဝင် ပြည်ဖျက် မီဒီယာများက    လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းအမှားများဖြင့်     မဟုတ်မမှန် ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ သက်ဆိုင်ရာ မြို့နယ်လုံခြုံရေး ဆိုင်ရာ     တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ    ပုလဲမြို့နယ် အတွင်းရှိ ကျေးရွာများအား PDF အမည်ခံ အကြမ်းဖက်သမားများမှ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး များဖြင့်   ပစ်ခတ်တိုက်ခိုက်ခြင်း များကို  လုပ်ဆောင်လျက်ရှိသည့် အတွက်   လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးတာဝန်များ  ဆောင်ရွက် ပေးနေမှုအပေါ်     ဒေသခံပြည်သူ များ  အထင်အမြင်  လွဲမှားစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြည်ဖျက်မီဒီယာ များမှ  သတင်းမှားများ   လုပ်ကြံ ရေးသားဖြန့်ဝေခြင်းသာ      ဖြစ် ကြောင်း၊ လုံခြုံရေးဆိုင်ရာ တာဝန် များအား   ပုံမှန်ဆောင်ရွက်လျက် ရှိပြီး       အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်း၊   ထိန်းသိမ်းခြင်းများ လုပ်ဆောင်မှုမရှိကြောင်း သတင်း ရရှိသည်။                   သတင်းစဉ်