ပုဇွန်တောင်မြို့နယ် အထက်တန်းကျောင်းများ၌ သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြော

 

ရန်ကုန် ဒီဇင်ဘာ ၈


ယနေ့ကာလတွင်      သတင်း အတု သတင်းအမှားများကြောင့် မလိုလားအပ်သော ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိသဖြင့် ကျောင်း သားလူငယ်များ သတင်းအမှား  အမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ နိုင်ငံ တော်မှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက်   ဘက်စုံမှ အားထုတ်ကြိုးပမ်း   ဆောင်ရွက် ပေးနေသည်ကို နားလည်သိရှိရေး နှင့်   မိဘဆရာများ၏  သွန်သင် ဆုံးမမှုကို နာခံကာ ထူးချွန်ထက် မြက်သော   လူငယ်များဖြစ်လာ စေရေးတို့အတွက်   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ  အသိ ပညာပေး    ဟောပြောပွဲများကို အ-ထ-က(၁)    ပုဇွန်တောင်၌ ဒီဇင်ဘာ ၇ ရက်တွင်လည်းကောင်း၊ အ-ထ-က (၂)၊    အ-ထ-က(၃)၊ အ-ထ-က (၄)      ပုဇွန်တောင်၌  ဒီဇင်ဘာ   ၈   ရက်တွင်လည်း ကျင်းပသည်။

 


အဆိုပါ အထက်တန်းကျောင်း နှစ်ကျောင်း၏    အသိပညာပေး ဟောပြောပွဲများသို့   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဦးအုန်း မောင်(မြင်းမူမောင်နိုင်မိုး)၊ ဦးမျိုး ထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးတင်မောင်ဦး(ကြို့ပင်ကောက်- တင်မောင်ဦး)နှင့် ဦးအောင်ပြည့်စုံ (အောင်ပြည့်စုံ)တို့က ဆွေးနွေး ဟောပြောကြပြီး   ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၀ ကျော် ခန့် တက်ရောက်ခဲ့ကြသည်။ 

 


ထို့နောက်    သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌက သတင်းမီဒီယာ ဆိုင်ရာနှင့် အခြားစာပေဗဟုသုတ ဖြစ်ဖွယ် သိမှတ်ဖွယ်ရာစာအုပ်များ ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်း  အုပ်ဆရာကြီး ဆရာမကြီးများက လက်ခံရယူပြီး ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားကြောင်း သိရသည်။                

သတင်းစဉ်